အေးမြင့် (ဝန်ကြီး)

ဝန်ကြီးအငြိမ်းစား From Wikipedia, the free encyclopedia

Remove ads

သူရဦးအေးမြင့် သည် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အချက်တိုများ သူရ အေးမြင့်, အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီး ...

ဦးအေးမြင့်သည် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ မော်လမြိုင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။[] သူသည် ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် ဩဂုတ်လအထိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဩဂုတ်လမှ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ စက်မှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[]

သူရဦးအေးမြင့်သည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး[] နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် အားကစား ဝန်ကြီးဌာန ဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။[]

သူသည် ဒေါ်အေးအေးနှင့် လက်ထပ်ခဲ့ပြီး သားတစ်ဦး ထွန်းကားခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads