သန်းဌေး

မြန်မာနိုင်ငံရေးသမား From Wikipedia, the free encyclopedia

သန်းဌေး
Remove ads

ဦးသန်းဌေး သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ​ဟောင်းတစ်ဦးဖြစ်သည်။ သူသည် ဦးသိန်းစိန်အစိုးရလက်ထက်၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနစွမ်းအင်ဝန်ကြီးဌာနတို့တွင် ပြည်​ထောင်စုဝန်ကြီးတာဝန် ထမ်း​ဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် စွမ်းအင်ဝန်ကြီးဌာနတွင်လည်း ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ဖြင့် အနားယူခဲ့သည်။[]

အချက်တိုများ သီရိပျံချီ သန်းဌေး, ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ...

၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်။ ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်သက်တမ်းကာလတွင် အဓိကအတိုက်အခံပါတီတစ်ခု၏ ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ပြီး အငြင်းပွားဖွယ်ကိစ္စများဖြင့် အနိုင်ရခဲ့သည်။[]

Remove ads

နိုင်ငံရေး လှုပ်ရှားမှုများ

ဦးသန်းဌေးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မြန်အောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ မြန်အောင်မြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်။ ဦးသန်းဌေး သည် ၂၀၁၆တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲ၌ နေပြည်တော် ​ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ယင်းရွေးကောက်ပွဲတွင် ဦးသန်းဌေးသည် ဇေယျာသီရိမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံရသည်။[] ယင်းမဲဆန္ဒနယ်သည် အထွေထွေရွေးကောက်ပွဲ ၂၀၁၀ နှင့် အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တို့တွင် သူရရွှေမန်း[] ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး လှဌေးဝင်း []တို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာအနိုင်ရခဲ့သည့် မဲဆန္ဒနယ်တစ်ခုလည်းဖြစ်ခဲ့သည်။

အထွေထွေရွေးကောက်ပွဲ ၂၀၂၀ မတိုင်ခင်နှင့် ပြီးဆုံးပြီးသည့် အချိန်တွင်ပြုလုပ်သော  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲများသို့  ဦးသန်းဌေးသည်  အခြားသောနိုင်ငံရေးပါတီများနှင့်အတူ တက်ရောက်သည်။[] [] [၁၀]ယင်းအပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရားမျှတမှုမရှိဟု ဝေဖန်သည်။[၁၁] အခြားပါတီများနှင့်အတူ ကန့်ကွက်ကြောင်းစာထုတ်သည်။[၁၂]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နောက်ပိုင်းကာလများတွင် ဦးသန်းဌေးသည်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင်း မကျေနပ်မှုများနှင့် ရင်ဆိုင်ရသည်။[၁၃] တစ်ဖက်တွင်လည်း  ခါးနာရောဂါကြောင့်  ခွဲစိတ်ကုသမှုကို ခံယူရ၍ ပါတီဥက္ကဋ္ဌတာဝန်ကို ဦးခင်ရီထံ လွှဲပေးသည်။[၁၄]

၂၀၂၂ အောက်တိုဘာ ၄ရက်တွင် ပြုလုပ်သည့်   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ်ညီလာခံတွင် ပါတီ ဥက္ကဋ္ဌတာဝန်မှ တရားဝင် နုတ်ထွက်သွားသည်။[၁၅]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads