အဲဗားဂလိတ် အမျိုးသားဥယျာဉ်
From Wikipedia, the free encyclopedia
Remove ads
အဲဗားဂလိတ် အမျိုးသားဥယျာဉ် သည် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် တွင် တည်ရှိသော အမျိုးသားဥယျာဉ် တစ်ခု ဖြစ်ပြီး နဂို အဲဗားဂလိတ် ဒေသ၏ တောင်ဘက်ပိုင်း ၂၀ ရာခိုင်နှုန်းကို ထိန်းသိမ်းစောင့်ရှောက်ထားသော ဒေသဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင်မူ အကြီးမားဆုံးသော အပူပိုင်းဇုံ တောရိုင်းမြေ ဖြစ်ပြီး မစ္စစ္စပီမြစ်၏ အရှေ့ဘက်ရှိ တောရိုင်းမြေများတွင် အကြီးဆုံး ဖြစ်ကာ တစ်နှစ်လျှင် ဧည့်သည်ပေါင်း ၁ သန်းခန့် လာရောက် လည်ပတ်လေ့ ရှိကြသည်။[၁] အောက်ပိုင်းပြည်နယ် ၄၈ ခုတွင် သေမင်းတမန်တောင်ကြား အမျိုးသားဥယျာဉ် နှင့် ယဲလိုးစတုန်း အမျိုးသားဥယျာဉ် တို့ပြီးလျှင် တတိယမြောက် အကြီးဆုံး အမျိုးသားဥယျာဉ် တစ်ခု ဖြစ်သည်။ ထိုအမျိုးသား ဥယျာဉ်နေရာအား အပြည်ပြည်ဆိုင်ရာဇီဝရပ်ဝန်း ထိန်းသိမ်းရေး နယ်မြေ ၊ ကမ္ဘာ့အမွေအနှစ်နေရာ နှင့် နိုင်ငံတကာ အရေးပါသော စိုစွတ်မြေ ဒေသ တို့ အဖြစ် ကြေညာထားပြီး ကမ္ဘာပေါ်တွင် ထိုစာရင်း ၃ ခု စလုံးတွင် ပါဝင်သော နေရာ ၃ ခု ထဲမှ တစ်ခု ဖြစ်သည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads