၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
Remove ads

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် မ​လေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၀၁၇ခုနှစ် ဩဂုတ် ၁၉ရက်မှ ၃၀ရက်အထိကျင်းပသော ၂၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၆၅၁၉၇၁၁၉၇၇၁၉၈၉၂၀၀၁ပွဲတော်များကို အိမ်ရှင်အဖြစ် ၅ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၁ခုနှစ်တွင် ဆဋ္ဌမအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဘုရင် မိုဟာမက် (၅) မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...

နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၄၆၄၆ခန့်က အားကစားနည်း ၃၈မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ မ​လေးရှား၊ ထိုင်း၊ ဗီယက်နမ်တို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

Remove ads

လက်ခံကျင်းပခြင်း

ပြိုင်ပွဲကျင်းပရာ မြို့များ

Thumb
A map of Malaysia.
ကွာလာလမ်ပူမြို့
မလေးရှားနိုင်ငံ၌ ကွာလာလမ်ပူမြို့ တည်နေရာ

၂၀၁၂ ဇူလိုင်လတွင် မြန်မာနိုင်ငံတွင် ကျင်းပသော အ​ရှေ့​တောင်အာရှအားကစားအဖွဲ့ချုပ် (SEAGF) အစည်းအဝေး၌ ၂၀၁၇ ခုနှစ်တွင် ကျင်းပမည့်ပြိုင်ပွဲကို အခြားသောနိုင်ငံများမှာ လက်ခံကျင်းပနိုင်သည့် အဆိုမရှိသောကြောင့် မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။[] ထိုအစည်းအဝေးတွင် တက်ရောက်ခဲ့သော မလေးရှားနိုင်ငံ အိုလံပစ်ကောင်စီ အတွင်းရေးမှူးချုပ် Sieh Kok Chi သည် မြန်မာနိုင်ငံမှ ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ထို့နောက် ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ ၂၀၁၇ ခုနှစ်အတွက် အိမ်ရှင်အဖြစ် တာဝန်ယူရမည်မှာ ဘရူနိုင်းနိုင်ငံ ဖြစ်သင့်သည်ဟု ဆိုခဲ့သည်။ သို့သော် ဘရူနိုင်းနိုင်ငံမှ ၂၀၁၇ ခုနှစ်အစား ၂၀၁၉ ခုနှစ်တွင် ကျင်းပရန် ဆန္ဒရှိခဲ့သည်။ ထိုကြောင့် မလေးရှားနိုင်ငံသည် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရသည်။

မလေးရှား ဆီးဂိမ်းကျင်းပရေးကော်မတီကို ပြိုင်ပွဲများအတွက် ပြင်ဆင်မှု ကြီးကြပ်ကွဲကဲရန် ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

အားကစားကွင်းများ

Thumb
ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်း

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မလေးရှားနိုင်ငံရှိ ပြည်နယ်များစွာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။[][] ဘူကစ်ဂျာလီ အမျိုးသားအားကစားရုံစုအတွင်းရှိ ရှိနှင့်ပြီးသော အားကစားကွင်းများကို အဆင့်မြင့်တင်ခဲ့ပြီး Nilaiမြို့ Negeri Sembilanပြည်နယ်တွင် စက်ဘီးစီးပြိုင်ပွဲများအတွက် velodrome ပုံစံ အားကစားကွင်းသစ်ကို မလေးရှားရင်းဂစ် ၈၀ မီလီယံ အသုံးပြု၍ တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လနှောင်းပိုင်းတွင် ပြီးစီးခဲ့ပြီး ၂၆ မေလ ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။[][] အစောပိုင်းတွင် ဆာဘတ်ချ်ပြည်နယ်နှင့် ဆာရာဝပ်ပြည်နယ်တို့တွင် ပြိုင်ပွဲ ပွဲစဉ်တချို့ကို ကျင်းပရန် စဉ်းစားခဲ့ကြသည်။ သို့​သောွ ၂၀၁၇ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲ၏ Chief Executive Officer ဖြစ်သူ Zolkples Embong သည် အရှေ့မလေးရှားပြည်နယ်များအား "ကုန်ကျစရိတ်မြင့်မားခြင်း"ကို အဓိကအကြောင်းပြချက်အဖြစ် ရည်ညွှန်း၍ မပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။[]

Thumb
ကွာလာလမ်ပူ
ကွာလာလမ်ပူ
ဆီလန်ဂေါ
ဆီလန်ဂေါ
နဲဂဲရီ ဆမ်ဘီလန်
နဲဂဲရီ ဆမ်ဘီလန်
တီရန်ဂါနူ
တီရန်ဂါနူ
ကီဒါ့ချ်
ကီဒါ့ချ်
ပူတရာဂျာယ
ပူတရာဂျာယ
၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရာ ပြည်နယ်များ
နောက်ထပ် အချက်အလက်များ ကွာလာလမ်ပူ, အမျိုးသားအားကစားရုံစု ...

စေတနာ့ဝန်ထမ်းများ

ပြိုင်ပွဲကျင်းပသူများသည် ဆီးဂိမ်းပြိုင်ပွဲနှင့် အာဆီယံမသန်စွမ်းအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စေတနာ့ဝန်ထမ်း ခန့်မှန်း ၂၀,၀၀၀ ခန့်လိုမည်ဟု ခန့်မှန်းခဲ့ကြသည်။ ထိုစေတနာ့ဝန်ထမ်းများသည် အမှတ်ရေတွက်ခြင်း၊ ပွဲကြည့်ပရိသတ်ထိန်းသိမ်းခြင်း၊ လတ်မှတ်ရောင်းချခြင်းနှင့် ပရိုမိုးရှင်းများပြုလုပ်ခြင်းကဲ့သို့သော မတူညီကွဲပြားသော တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ စေတနာ့ဝန်ထမ်းများအား လေ့ကျင့်ပေးခြင်းကို ပြိုင်ပွဲအထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် လာဘ်ကောင်အရုပ်များအား မိတ်ဆက်ပြသခဲ့သော ၂၁ နိုဝင်ဘာ ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လအထိဖြစ်သည်။[] စေတနာ့ဝန်ထမ်းအတွက် လူ ၅၀,၀၀၀ မျှ စာရင်းသွင်းခဲ့ကြသည်။ အာကစားပြိုင်ပွဲစေတနာ့ဝန်ထမ်းများအစီအစဉ်ကို ဘန်ဂီရှိ မလေရှားအမျိုးသားတက္ကသိုလ်တွင် ရှင်းလင်းခဲ့ပြီး အဆင့်လေးဆင့်ပါဝင်ကာ ဖေဖော်ဝါရီလမှ ဇွန်လအထိဖြစ်သည်။[] အွန်လိုင်းမှ လျှောက်ထားသူ ၅၀,၀၀၀ အနက်မှ ၁၉,၀၀၀ ကို ပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်းများအဖြစ် ရွေးချယ်ခဲ့ပြီး ၉,၀၀၀ မှာ ဆီးဂီမ်းပြိုင်ပွဲအတွက် ဖြစ်ပြီး ကျန် ၄,၀၀၀ မှာ မသန်စွမ်းအားကစားပြိုင်ပွဲအတွက်ဖြစ်သည်။[၁၀]

လတ်မှတ်ရောင်းချခြင်း

အွန်လိုင်းမှတဆင့် လတ်မှတ်များကို ၄ ရက် ဇူလိုင် ၂၀၁၇ မှစတင်၍ ရောင်းချခဲ့သည်။ ထို့ပြင် လူထုမှ ပိုမိုပါဝင်အားပေးမှုရှိစေရန် အားကစားပွဲ ၂၄ ခုဖြစ်သော ရေကူးအဖွင့်ပွဲများနှင့် စက်ဘီးစီး (BMX and road)ပွဲများတွင် ပွဲကြည့်ပရိသတ်အတွက် အခမဲ့ကြည့်ရှုခွင့်နှင့် အခြားသော ၁၂ မျိုးဖြစ်သည့် ရေကူး(diving, swimming, synchronised and water polo events) နှင့် စက်ဘီးစီး (track events) များကို လူအများ တက်နိုင်သော ပမာဏဖြစ်သည့် မလေးရှားရင်းဂစ် ၁၀ မှ ၂၀ အကြား သတ်မှတ်ပေးခဲ့ကြောင်း ထို ဇူလိုင်လ ၄ ရက် ၂၀၁၇ နေ့တွင်ပင် ကြေညာခဲ့သည်။[၁၁]

လုံခြုံရေး

အားကစားပြိုင်ပွဲ၏ လုံခြုံရေးကို အဓိကတာဝန်ယူသော အဖွဲ့အစည်းမှာ တော်ဝင်မလေးရှားရဲတပ်ဖွဲံ့ ဖြစ်သည်။ ရဲတပ်ဖွဲ့သည် မမျှော်လင့်နိုင်သော အခြေအနေများနှင့် ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုအဖြစ် လေ့ကျင့်ခန်း ၆ ခု ပြုလုပ်ခဲ့သည်။[၁၂]


ဆုတံဆိပ်

Thumb
ကွာလာလမ်ပူ ၂၀၁၇ ဆုတံဆိပ်

ပြိုင်ပွဲ၏ ဆုတံဆိပ်ကို Royal Selangor ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။ ဆုတံဆိပ်များကို ၃၀ မေလ ၂၀၁၇ ခုနှစ်တွင် ကြေညာခဲ့ပြီး ထိုနေ့တွင်ပင် Royal Selangor ကုမ္ပဏီသည် အားကစားပြိုင်ပွဲအတွက် အဓိကစပွန်ဆာကုမ္ပဏီအဖြစ် ကြေညာခဲ့ပြီး ကုမ္ပဏီ၏ ရည်မှန်းငွေ မလေးရှားရင်းဂစ် ၈၀ မီလီယံထက်ပို၍ ၈၂.၆ မီလီယံ ထောက်ပံ့ခဲ့သည်။[၁၃][၁၄] ဆုတံဆိပ်တွင် နူးညံသော အဝိုင်းငွေများနှင့် အနားကွပ်များပါဝင်ပြီး ခဲနှင့် သံဖြူကို ရောစပ်ထားသော သတ္ထုဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ဆုတံဆိပ်၏ ခေါင်းဘက်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖက်ဒရေးရှင်း လိုဂိုဖြစ်ပြီး ပန်းဘက်တွင် အားကစားပြိုင်ပွဲ လိုဂိုကို ထည့်သွင်းထားသည်။

ကုန်ကျစရိတ်

အားကစားဝန်ကြီး Khairy Jamaluddin သည် ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက် မလေးရှားရင်းဂစ် ၈၀ မီလီယံ(USD18 million) ထက်မပိုနိုင်ရန် မျှော်မှန်းထားကြောင်း ပြောခဲ့သည်။[၁၅] ၂၀၁၇ ခုနှစ် ဘတ်ဂျက်ကာလတွင် အစိုးရသည် မလေးရှားရင်းဂစ် ၅၀၀ မီလီယံထက် မပိုဟု စီရင်ခံခဲ့ပြီး[၁၆] မလေးရှားဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ အားကစားပြိုင်ပွဲလက်ခံကျင်းပရန် မလေးရှားရင်းဂစ် ၄၅၀ မီလီယံကုန်ကြခဲ့ကြောင်း ပြောကြားခဲ့သည်။[၁၇]


နှိုင်းယှဉ်ချက်များအရ ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့စဉ်က မလေးရှားရင်းဂစ် ၇၄၀ မီလီယံ (SGD264 million, using the then SGD/MYR exchange rate of 2.80, as opposed to the current rate of 3.15)၊ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့စဉ်က မလေးရှားရင်းဂစ် ၁ ဘီလီယံ အသီးသီး သုံးစွဲခဲ့ကြသည်။ [၁၈][၁၉]

အကျိုးပြုလုပ်ငန်းများ

အားကစားပြိုင်ပွဲကျင်းပခြင်း၏ ကဏ္ဍတစ်ရပ်အဖြစ် အားကစားပြိုင်ပွဲကျင်းပရေးကော်မတီသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကာကွယ်ရေးကို အလေးထား၍ ၅ ဇွန် ၂၀၁၇ ခုနှစ်တွင် Kuala Lumpur 2017 Green Initiatives ကို ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။[၂၀][၂၁] အစိမ်းရောင်ခြေလှမ်းများလှုပ်ရှားမှုအတွက် 'ဆုတံဆိပ် တစ်ခု၊ သစ်ပင် တစ်ပင်' အစီအစဉ်ကို ဆောင်ရွက်ခဲ့ကာ ကွာလာလမ်ပူအာကစားမြို့တွင်းနှင့် မြို့ပတ်လည်တွင် ၅၂၄၉ ပင် စိုက်ပျိုးရန် ရည်ရွယ်ခဲ့သည်။[၂၂] အခြားသောလှုပ်ရှားမှုများတွင် စွန့်ပစ်ပစ္စည်းများအား ပြန်လည်သန့်စင်ခြင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးများအား ထောက်ပံ့ပေးခြင်းနှင့် အဓိကကစားကွင်းအတွင်း အားကစားပြိုင်ပွဲများအား လျှပ်စစ်ကားများ ထောက်ပံ့ပေးခြင်းတို့ ပါဝင်သည်။

ရုပ်သံထုတ်လွှင့်ခြင်း

အားကစားပွဲတော်ကျင်းပစဉ် ၁၉ မှ ၃၀ ဩဂုတ်အတွင်း ၂၈ မျိုးသော အားကစားပြိုင်ပွဲများကို ရုပ်သံများဖြင့် တိုက်ရိုက်ထုတ်လွင့်လိမ့်မည် ဖြစ်သည်။ [၂၃]

သော့ချက်

   *   အိမ်ရှင်နိုင်ငံ (မလေးရှား)

နောက်ထပ် အချက်အလက်များ အရှေ့တောင်အာရှနိုင်ငံများမှ ၂၀၁၇ ဆီးဂိမ်း ရုပ်သံထုတ်လွင့်ခွင့်ရှိသော ရုပ်သံလိုင်းများ, IOC Code ...

စိုးရိမ်ပူပန်ဖွယ်ရာများနှင့် အငြင်းပွားဖွယ်ရာများ

ပြိုင်ပွဲတစ်လျှောက်တွင် များစွာသော နည်းပညာချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး[၃၀][၃၁][၃၂] အောက်တွင် ထိုဖြစ်ရပ်များအနက်မှ အချို့ကို ဖော်ပြထားသည်။[၃၃][၃၄][၃၅]

  • မလေးရှားနိုင်ငံသည် အချို့သော ဘောလုံးပြိုင်ပွဲများတွင် တိုက်ရိုက်ထုတ်လွင့်ပြသနိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက်ကြောင့် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရာကာ မြန်မာအသင်းကို အားပေးသူတစ်ဦးက "ကျနော်အနေနဲ့ မြန်မာနိုင်ငံထက် ပိုချမ်းသာတဲ့ မလေးရှားနိုင်ငံရဲ့ အရေးကြီးတဲ့ပြိုင်ပွဲတွေကို တိုက်ရိုက်ထုတ်လွင့်နိုင်ခြင်း မရှိတာ အံ့ဩမိပါတယ်။ မြန်မာအသင်းအတွက်သာ မဟုတ်ပါဘူး အခြားအာဆီယံနိုင်ငံတွေကိုယ်စား ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာ မေးလိုပါတယ်" ဆိုခဲ့သည်။[၃၆]
Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

Thumb
တရားဝင် လာဘ်ကောင်ရုပ်ဖြစ်သော ရီမူး(Rimau)(မလေးရှားကျား)

ဆောင်ပုဒ်

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဆောင်ပုဒ်မှာ အင်္ဂလိပ်ဘာသာအားဖြင့် "Rising Together" (သို့) မလေးရှားဘာသာအားဖြင့် "Bangkit Bersama" ဟူ၍ ဖြစ်သည်။[၃၇] ထိုဆောင်ပုဒ်အား ရွေးချယ်ခဲ့ခြင်းမှာ အထူးသဖြင့် အာဆီယံနိုင်ငံများအကြား ညီညွတ်မှုကို ဖော်ညွှန်းလို၍ ဖြစ်ပြီး ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အဝန်း တည်တောင်ပြီး ပထမဆုံးပြုလုပ်သော အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖြစ် ကွာလာလမ်ပူ ၂၀၁၇ အားကစားပြိုင်ပွဲကို သိသာထင်ရှားစေလို၍လည်း ဖြစ်သည်။[၃၈]

အထိမ်းအမှတ်တံဆိပ်

၂၀၁၇အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ဝါအူ ဘူလန်(Wau Bulan)လိုခေါ်သော မလေးရှားကျွန်းဆွယ်၏ အရှေ့ပိုင်းကမ်းရိုးတန်းတစ်လျှောက်တွင် လူသိများသော လခြမ်းပုံသဏ္ဌာန် စွန်ပုံဖြစ်သည်။ အရောင်များနှင့် အစင်းများသည် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံ၏ အလံများ၏ အရောင်များကို ယူ၍ ပြုလုပ်ထားခြင်းဖြစ်သည်။ နိုင်ငံလုံးအနှံတွင် အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ် ရွေးချယ်ရန် ကျင်းပခဲ့ပြီး ဒီဇိုင်းပြိုင်ပွဲတွင် ၁၇၄ ခု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။[၃၉] ကွာလာလမ်ပူ ၂၀၁၇ အထိမ်းအမှတ်တံဆိပ်သည် ၂၀၁၇ ခုနှစ် ပါရာဆီးဂိမ်းအတွက်လည်း အတူတူပင် အသုံးပြုခဲ့သည်။

Thumb
Wau, ၂၀၁၇ ကွာလာလမ်ပူလိုဂို (ဆီးဂိမ်းလိုဂိုနှင့် ၂၀၁၇ ပါရာဆီးဂိမ်းလိုဂို ပေါင်းဆက်ထားခြင်း

လာဘ်ကောင်

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ မလေးရှားကျားပုံဖြစ်ပြီး Rimau ဟု အမည်ရသည်။ ထိုလာဘ်ကောင်ရုပ်ကို လိုဂို၊ ပြိုင်ပွဲသီချင်းနှင့်အတူ ၁၄ နိုဝင်ဘာ ၂၀၁၅ ခုနှစ်တွင် ပွဲထုတ်ပြသခဲ့သည်။ လာဘ်ကောင်ရုပ်၏အမည်မှာ မလေးရှားဘာသာဖြင့် ကျားဟု အဓိပ္ပာယ်ရရုံသာမက သူ၏ စကားလုံးတစ်လုံးသည်လည်း အဓိပ္ပာယ်တစ်မျိုးစီရရှိပြီး Respect(အပြန်အလှန်လေးစားမှု)၊ Integrity(တည်ကြည်မှု)၊ Move(လှုပ်ရှားမှု)၊ Attitude(စိတ်ထား)၊ Unity(ညီညွတ်မှု) ဟူ၍ ဖြစ်သည်။ သူသည် ယဉ်ကျေးပျူငှာခြင်း၊ ဖော်ရွေရင်းနှီးခြင်း၊ ယှဉ်ပြိုင်လိုစိတ်နှင့် ကျန်းမာကြံ့ခိုင်သော အားကစားသမားများအဖြစ် ဖော်ဆောင်သည်။[၄၀]

သီချင်း

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ပဓာနသီချင်း လေးပုဒ်ရှိသည်။ ၉ မေ ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သော 100 day countdown ပွဲတွင် မလေးရှားနိုင်ငံသားတို့သည် အဆိုတော် ဒါယန်း နျူရ်ဖိုင်ဇက်(Dayang Nurfaizah)နှင့် သီချင်းရေးဆရာ Ramli MS တောင်းဆို၍ ပြိုင်ပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် "Rising Together" ဆောင်ပုဒ်နှင့် ဆက်နွယ်သော သူတို့၏ စိတ်ကူးစိတ်သန်းများ၊ ဇာတ်ကြောင်းများကို လူအများပါဝင်သော ကမ်ပိန်းများမှတဆင့် လူမှုဝဘ်ဆိုက်သို့ ဖော်ပြခဲ့ကြပြီး ပြိုင်ပွဲ၏ ပဓာနသီချင်းတစ်ပုဒ်ကို စပ်သီခဲ့ကြသည်။ ၈ ဩဂုတ် ၂၀၁၇ ခုနှစ်တွင် ပြိုင်ပွဲ၏ ပဓာနတေးသွားတစ်ပုဒ်ကို ပြသခဲ့ပြီး ၎င်းသီချင်း၏ အမည်ကို "Rising Together" (Bangkit Bersama) ဟူ၍ အမည်ပေးထားခဲ့သည်။[၄၁]

၂ ဩဂုတ်လ ၂၀၁၇ ခုနှစ်တွင် ပြိုင်ပွဲအတွက် သီချင်းတစ်ပုဒ်ဖြစ်သော "Tunjuk Belang" (Show The Stripes) ကို ထုတ်လွှင့်ခဲ့သည်။ ထိုသီချင်းတွင် monoloQue၊ Azlan Typewriter နှင့် maliQue တို့ပါဝင်သီဆိုထားသည်။ ထိုသီချင်းသည် ရော့ခ်အမျိုးအစားသီချင်းတစ်ပုဒ်ဖြစ်ပြီး ရိုးရာနှင့် ခေတ်ပေါ်သံစဉ်တို့ကို ရောစပ်ထားသည်။[၄၂] ထိုသီချင်းအား ရေးစပ်သူနှင့် ထုတ်လုပ်သူမှာ maliQue ဖြစ်သည်။[၄၃] သီချင်းခေါင်းစဉ်၏ အဓိပ္ပာယ်မှာ မိမိ၏ စစ်မှန်သော အရောင်များကို ပြသခြင်းဟု ဆိုလိုပြီး "Belang" သည် အစင်းကို ဆိုလိုသည်အပြင် ပြိုင်ပွဲအတွက်ဖြစ်သော လာဘ်ကောင်ရုပ်ကိုလည်း ရည်ညွှန်းလိုသည်။[၄၃]

နောက်ထပ်သီချင်းတစ်ပုဒ်မှာ "So Many Hands" (Tangan-Tangan Yang Menjulang) ဖြစ်ပြီး အစောပိုင်း ၁၃ ဇူလိုင် ၂၀၁၇ ကတည်းက ထုတ်လွှင့်ခဲ့သည်။ ထိုသီချင်းကို ကွာလာလမ်ပူ ၂၀၁၇ အတွက် ပရိုမိုရှင်းဗွီဒီယိုတွင် Mia Palencia မှ အင်္ဂလိပ်လိုသီဆိုပြီး Asmidar မှ မလေးဘာသာဖြင့် သီဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံအား ချန်ပီယံအဖြစ်သို့ ခေါ်ဆောင်သွားခြင်း(Bersama Kita Lahirkan Juara) ဟုဆိုလိုသည်။[၄၄]

ပြိုင်ပွဲပိတ်ပွဲအတွက် သီချင်းမှာ "Together We Rise" ဖြစ်ပြီး ၃၀ ဩဂုတ် ၂၀၁၇ ခုနှစ်တွင် Vince Chong နှင့် Jaclyn Victor တို့မှ သီဆိုဖျော်ဖြေခဲ့ကြသည်။

စပွန်ဆာ

Dentsu Sports Asia နှင့် Sportswork Group ကုမ္ပဏီများသည် ၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် sponsorship agencies များဖြစ်ကြပြီး ဇန်နဝါရီ ၂၀၁၆ ခုနှစ်တွင် တရားဝင်ကြေညာခဲ့သည်။[၄၅] Dentsu Sports Asia သည် အပြည်ပြည်ဆိုင်ရာနှင့်ဆက်နွယ်သော ကိစ္စရပ်များကို ဆောင်ရွက်ပြီး Sportswork Group သည် မလေးရှားကုမ္ပဏီများကို မလေးရှားအစိုးရနှင့် ချိတ်ဆက်ပေးသည်။[၄၆]

ကုမ္ပဏီများ၏ ပြိုင်ပွဲအတွက် ထောက်ပံ့ပေးသော ငွေကြေးပေါ်မူတည်၍ ထောက်ပံ့ပေးမှုအဆင့် ၄ ဆင့်ခွဲ၍ ထားသည်။ Bronze sponsors များသည် မလေးရှားရင်းဂစ် ၁ မီလီယံနှင့် ထိုထက်နည်းပါး၍ ထောက်ပံ့နေသော သူများဖြစ်ပြီး၊ မလေးရှားရင်းဂစ် ၁ မီလီယံမှ ၃ မီလီယံ ထိ ထောက်ပံ့သူများသည် Silver sponsors၊ မလေးရှားရင်းဂစ် ၃ မီလီယံမှ ၇.၅ မီလီယံအထိ ထောက်ပံ့သူများကို Gold sponsors၊ မလေးရှားရင်းဂစ် ၇.၅ မီလီယံမှ ၁၅ မီလီယံအထိ ထောက်ပံ့သူများကို Platinum sponsors ဟူ၍ အသီးသီး ခွဲခြားသတ်မှတ်ထားခဲ့သည်။[၄၇]

စပွန်ဆာကုမ္ပဏီပေါင်း ၃၉ ခုရှိပြီး ၎င်းတို့အထဲတွင် Platinum sponsors ၆ ခု၊ Gold sponsors ၆ ခု၊ Silver sponsors ၉ ခုနှင့် Bronze sponsors ၁၈ ခုပါဝင်သည်။

နောက်ထပ် အချက်အလက်များ ၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကမကထပြု ကုမ္ပဏီများ, အဆင့်အတန်း ...
Remove ads

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်းတွင် ၁၉ ဩဂုတ် ၂၀၁၇ ခုနှစ် MST (UTC+8) ၂၀:၁၇ တွင် စတင်ကျင်းပခဲ့ပြီး မလေးရှားယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို အဓိကထား ပြသခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကျင်းပမှု ဦးစီးခြင်းကို မလေးရှားရုပ်ရှင်ဒါရိုက်တာ Saw Teong Hin မှ မလေးရှားတပ်မတော်နှင့် ပူးပေါင်း၍ Memories Entertainment creative team မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။[၅၈][၅၉][၆၀] ဖွင့်ပွဲကျင်းပချိန်ကို မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အမှတ်ရစေရန် ရည်ရွယ်၍ ၂၀:၁၇ တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပိတ်ပွဲအခမ်းအနား

၂၀၁၇အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ဩဂုတ်လ ၃၀ရက်​​နေ့ ည ၈:၂၁ အချိန်တွင် ကျင်းပခဲ့သည်။ ဝန်ကြီးချုပ် နာဂျစ်က ပွဲ​တော်ကို ပိတ်သိမ်း​ပေးခဲ့ပြီး ၂၀၁၉အားကစားပွဲ​တော်ကို လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံသို့ အ​ရှေ့​တောင်အာရှအားကစားအဖွဲ့ချုပ်အလံကို လွှဲ​​ပြောင်း​ပေးအပ်ခဲ့သည်။

ပါဝင်သည့် နိုင်ငံများ

အားကစားနည်းများ

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​ရေကူး
    • ​Synchronised swimming
    • ဝါတာပိုလို
  • မြားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ဘတ်စကက်​ဘော
  • ဘီလိယက်နှင့် စနူကာ
  • လက်​ဝှေ့
  • ဘိုလင်း
  • ခရစ်ကတ်
  • စက်ဘီးစီး
    • ​BMX
    • ​Mountain
    • ​Road
    • ​Track
  • မြင်းစီး
    • မြင်းစီး
    • မြင်းစီး (ပိုလို)
  • ဓားသိုင်း
  • ​ဘောလုံး
    • ​ဖူဆယ်
  • ​ဂေါက်သီးရိုက်
  • ကျွမ်းဘား
    • Artistic
    • Rhythmic
  • ​ဟော်ကီ
    • ရုံတွင်း
    • ကွင်းပြင်
  • ​ရေခဲပြင်​ဟော်ကီ
  • ​ရေခဲပြင်စကိတ်
    • Figure skating
    • Short track speed skating
  • ဂျူဒို
  • ကရာ​တေး
  • Lawn Bowls
  • ​မွေထိုင်း
  • ​Netball
  • ပန်ကြပ်ဆီလပ်
  • ပီတန်း
  • ​ရက်ဘီ
  • ရွက်​လှေ
  • ပိုက်​ကျော်ခြင်း
    • ခြင်းလုံး
  • ​သေနတ်ပစ်
  • ​စကွက်ရှ်
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ၃မျိုးဆင့် အားကစား
  • ​ဘော်လီ​ဘော
  • ​​ရေလွှာလှိုင်းစီး
  • အ​လေးမ
  • ဝူရှုး

ပွဲစဉ်ဇယား

OCဖွင့်ပွဲအခမ်းအနား ပြိုင်ပွဲယှဉ်ပြိုင်ခြင်း 1ရွှေတံဆိပ်ချီးမြှင့်ခြင်း CCပိတ်ပွဲအခမ်းအနား
နောက်ထပ် အချက်အလက်များ ဩဂုတ်, ၁၄ တနင်္လာ ...

ဆုတံဆိပ်ဇယား

၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲပေါင်း ၄၀၄ ခုကျင်းပခဲ့ရာ ဆုတံဆိပ် ၄၀၄ ခုကို ချီးမြှင့်ရမည်ဖြစ်သည်။ အမျိုးသမီးအမြင့်ခုန်နှင့် men's pommel horse ပြိုင်ပွဲများတွင် ပထမနေရာကို ပူးတွဲရရှိခဲ့သဖြင့် ထိုပြိုင်ပွဲများအတွက် ရွှေတံဆိပ်ကို ၂ ခုစီ ချီးမြှင့်ခဲ့သည်။ ထိုကြောင့် ထိုပြိုင်ပွဲများအတွက် ငွေတံဆိပ်ကို ချီးမြှင့်ခဲ့ခြင်း မရှိခဲ့ချေ။

အချို့သော ပြိုင်ပွဲများ၌ ကြေးတံဆိပ်နှစ်ခု ချီးမြှင့်ခဲ့ရာ သိုင်းပညာပြိုင်ပွဲတချို့နှင့် ရော့ကတ်ဖြင့် ရိုက်၍ကစားရသော ပြိုင်ပွဲအားလုံးပါဝင်သည်။ ထို့ပြင် Rhythmic Gymnastics women's hoop dvent နှင့် Swimming women's 50 m backstroke event တို့တွင် ကြေးတံဆိပ်ကို ပူးတွဲရရှိခဲ့ရာ နောက်ထပ်အနေဖြင့် ကြေးတံဆိပ်စုစုပေါင်း ၁၂၃ ခု ထပ်တိုးချီးမြှင့်ခဲ့သည်။ အခြားအနေဖြင့် men's 3000 m relay short track speed skating တွင် ကြေးတံဆိပ်ချီးမြှင့်ခဲ့ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် စုစုပေါင်းအနေဖြင့် ပြိုင်ပွဲတွင် ဆုတံဆိပ် ၁၃၃၄ ခု ချီးမြှင့်ခဲ့ရာ ရွှေတံဆိပ်စုစုပေါင်း ၄၀၆ ခု၊ ငွေတံဆိပ်စုစုပေါင်း ၄၀၂ ခု၊ ကြေးတံဆိပ်စုစုပေါင်း ၅၂၆ ခု ပါဝင်ခဲ့သည်။ အိမ်ရှင်မလေးရှားအနေဖြင့် ပြိုင်ပွဲတွင် ရွှေတံဆိပ်အများဆုံးရရှိခဲ့ရာ ၎င်းနောက်တွင် ထိုင်း၊ ဗီယက်နမ်တို့မှ အသီးသီးရရှိခဲ့သည်။

သော့ချက်

  *   အိမ်ရှင်နိုင်ငံ (မလေးရှား)

နောက်ထပ် အချက်အလက်များ အဆင့်, နိုင်ငံ ...


Remove ads

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads