၂၀၁၈ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၁၈ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ (အင်္ဂလိပ်: MFF 100PLUS Cup States & Regions U-14 Boy's Tournament 2018) သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပပြီး 100PLUS မှ Title Sponsor အဖြစ် ပံ့ပိုးကူညီသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖြစ်သည်။
အုပ်စုပွဲစဉ် မဲခွဲခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲကို အုပ်စုလေးခု ခွဲကာ အသင်း ၁၇ သင်းဖြင့် မြန်မာအမျိုးသား ဘောလုံးအကယ်ဒမီ မြက်ခင်းတုကွင်းများတွင် ကျင်းပခဲ့သည်။ အုပ်စုပွဲစဉ်များကို နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၀ ရက်နေ့ အထိလည်းကောင်း၊ ကွာတားဖိုင်နယ် ပွဲစဉ်များကို နိုဝင်ဘာ ၁၂ ရက်နေ့တွင်လည်းကောင်း၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် လည်းကောင်း၊ ဖိုင်နယ်ပွဲစဉ်ကို နိုဝင်ဘာ ၁၇ ရက်နေ့တွင်လည်းကောင်း ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ပထမရရှိသည့် အသင်းအား ဆုဖလား၊ ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ်၁၅ သိန်း၊ ဒုတိယ ရရှိသည့် အသင်းအား ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ်၁၀ သိန်း၊ ပူးတွဲတတိယ ရရှိသည့် အသင်းနှစ်သင်းကို ဆုကြေးငွေ ကျပ် ၅ သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့သည်။[၁]
ယင်းပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက် နံနက် ၈း၀၀ နာရီတွင် မြန်မာအမျိုးသား ဘောလုံးအကယ်ဒမီ မြက်ခင်းတု ကွင်း (၁)၌ ကျင်းပခဲ့သည်။
Remove ads
ပွဲစဉ်များ
အုပ်စု က
အုပ်စု ခ
အုပ်စု ဂ
အုပ်စု ဃ
ရှုံးထွက်အဆင့်
အကြိုဗိုလ်လုပွဲ
ဗိုလ်လုပွဲ
- ဗိုလ်စွဲသည့် အသင်း
မန္တလေး
Remove ads
အနိုင်ရအသင်း
ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီအချိန်တွင် မြန်မာအမျိုးသားအကယ်ဒမီ မြက်ခင်းတုကွင်းတွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ် အဖြစ် ကယားပြည်နယ် အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့က ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပွဲအပြီးတွင် မန္တလေးတိုင်း ဒေသကြီး အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ရရှိခဲ့သည်။ မန္တလေးတိုင်းဒေသကြီး အသင်းအတွက် ဂိုးများကို ဇင်ကိုကိုနှင့် အောင်ရဲဦး တို့က သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။
အကောင်းဆုံးကစားသမားဆုများ
Remove ads
ထူးချွန်ကစားသမားများ
ပြိုင်ပွဲမှ အလားအလာ ရှိသည့် ထူးချွန်လူငယ်များကို MFF Technical Department မှ စောင့်ကြည့်ရွေးချယ်ခဲ့သည်။ အနာဂတ် လူငယ်ပြုစုပျိုးထောင်ရေး စီမံကိန်းများအတွက် ဆန်ခါတင် ရွေးချယ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ထူးချွန်လူငယ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads