၂၀၂၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာနိုင်ငံအသင်း

From Wikipedia, the free encyclopedia

၂၀၂၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာနိုင်ငံအသင်း
Remove ads

မြန်မာနိုင်ငံအသင်းသည် ၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဤပွဲသည် (၃၂)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကာ ၂၀၂၃ခုနှစ် မေလ (၅)ရက်နေ့မှ မေလ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည်။ မြန်မာအားကစားအဖွဲ့သည် ​ရွှေတံဆိပ် (၂၁)ခု၊ ​ငွေတံဆိပ် (၂၅)ခု၊ ​ကြေးတံဆိပ် (၆၈)ခု၊ စုစု​ပေါင်း တံဆိပ်(၁၁၄)ခုဖြင့် နိုင်ငံအလိုက် အဆင့် (၈)တွင် ရပ်တည်ခဲ့သည်။[] ဤသည်မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂၀၁၃ခုနှစ်ကို ဖယ်လိုက်ပါက ၁၉၇၉ခုနှစ်​နောက်ပိုင်း ဆုတံဆိပ်ပိုင်းအရ အ​အောင်မြင်ဆုံး​သော နှစ်တစ်နှစ် ဖြစ်လာခဲ့သည်။

အချက်တိုများ ၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မှ မြန်မာနိုင်ငံ အသင်း, IOC ကုဒ် ...

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအနေဖြင့် အားကစားနည်း (၁၉)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ကို စေလွှတ်ခဲ့သည်။ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့တွင် အားကစားသမား (၃၄၁)ဦး၊ အုပ်ချုပ်မှုအဖွဲ့ (၅၅)ဦး၊ စီမံအုပ်ချုပ်သူ/နည်းပြ (၁၀၄)ဦး၊ စုစုပေါင်း (၅၀၀)ဦး ပါဝင်ကြသည်။[] မြန်မာအားကစားအဖွဲ့အတွက် အောင်နိုင်ရေးအလံအပ်နှင်းခြင်းကို ဧပြီလ (၂၅)ရက်နေ့တွင် ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ (ဘီ)၌ ကျင်းပခဲ့သည်။ မြန်မာအားကစားသမားများသည် ဧပြီလ (၂၆)ရက်နေ့မှစတင်ကာ သက်ဆိုင်ရာအားကစားနည်းများအလိုက် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။ မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ကို ဗိုဗီနမ်အားကစားနည်းမှ ရရှိခဲ့သည်။[]မြန်မာအားကစားအဖွဲ့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့က က​မ္ဘောဒီးယားနိုင်ငံသို့ လိုက်ပါကာ အနီးကပ်ကြီးကြပ် အားပေးခဲ့သည်။

တစ်ဦးချင်း ရွှေတံဆိပ်ဆုရအားကစားသမားတစ်ဦးအတွက် ကျပ်သိန်း (၃၀၀)၊ ငွေတံဆိပ်အတွက် ကျပ်သိန်း (၂၀၀)၊ ကြေးတံဆိပ်အတွက် ကျပ်သိန်း (၁၀၀) ချီးမြှင့်ခဲ့သည်။ အသင်းလိုက်ကစားသမားများအတွက် ရွှေရရှိလျှင် တစ်ဦးလျှင် ကျပ်သိန်း (၁၀၀)၊ ငွေရလျှင် ကျပ်သိန်း (၇၀)၊ ကြေးရလျှင် ကျပ်သိန်း (၃၀) ချီးမြှင့်ခဲ့သည်။ နည်းပြ/အုပ်ချုပ်သူများအတွက် ကျပ်သိန်း (၁၀၀)၊ (၅၀)နှင့် (၃၀) အသီးသီးချီးမြှင့်ခဲ့သည်။ အထူးအနေဖြင့် ဗိုလ်လုပွဲတက်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ (၅၀,၀၀၀)၊ အမျိုးသားဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ချီးမြှင့်ခဲ့သည်။ ထို့အတွက်ကြောင့် စုစုပေါင်းငွေကျပ် (၃,၃၃၃)သန်း၊ အမေရိကန်ဒေါ်လာ (၇၀,၀၀၀) ကို နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည်။[]

Remove ads

ဆုတံဆိပ်ရရှိသူများ

​အောက်ပါကစားသမားများသည် ဆုတံဆိပ်များရရှိခဲ့သည်။

​ရွှေတံဆိပ်

နောက်ထပ် အချက်အလက်များ စဉ်, အမည် ...

​ငွေတံဆိပ်

နောက်ထပ် အချက်အလက်များ စဉ်, အမည် ...

​ကြေးတံဆိပ်

နောက်ထပ် အချက်အလက်များ စဉ်, အမည် ...
Remove ads

ဆုတံဆိပ်ဆိုင်ရာ အချက်အလက်များ

နောက်ထပ် အချက်အလက်များ အားကစားနည်းအလိုက်ဆုတံဆိပ် ...
နောက်ထပ် အချက်အလက်များ ​နေ့အလိုက် ဆုတံဆိပ် ...
Remove ads

ကြိုတင်ပြင်ဆင်ခြင်း

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားသမားများကို ကြိုတင်စခန်းဝင်လေ့ကျင့်ပေးခဲ့သည်။ ဝူရှူး၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ လက်ဝှေ့အားကစားနည်းများကို တရုတ်နိုင်ငံသို့ (၃)လကြာ စေလွှတ်လေ့ကျင့်စေခဲ့သည်။ ၂၀၂၃ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လက်ရည်စစ်ပြိုင်ပွဲများ ကျင်းပကာ အားကစားသမားများ ရွေးချယ်ခဲ့သည်။[][]

Thumb
ပြိုင်ပွဲအကြို တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလီဘောပြိုင်ပွဲ ကျင်းပနေစဉ်

အားနစ်

မြန်မာ့သိုင်းအားကစားအဖွဲ့ချုပ်မှ အားကစားသမားများသည် ကိုယ်ခံပညာအားကစားဖြစ်သည့် အားနစ်အားကစားနည်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၈)ခု၊ စုစုပေါင်း (၁၂)ခု ရရှိခဲ့သည်။ မြန်မာနိုင်ငံနှင့်အတူ က​မ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။[]

နောက်ထပ် အချက်အလက်များ ဆုတံဆိပ်များ, စုစုပေါင်း ...

ရွှေတံဆိပ်ဆုရှင်များ

နောက်ထပ် အချက်အလက်များ အမည်, ပွဲစဉ် ...

စည်သူ​မောင် (၅၅-၆၀ ကီလို ​ဖော့တုတ်အတိုက်)

နောက်ထပ် အချက်အလက်များ ရှုံးထွက်, စည်သူ​မောင် ...

​ငွေတံဆိပ် ရရှိသူများ

မိုးမိုး​အေး (၅၀ကီလို​အောက် ​ဖော့တုတ်အတိုက်)

နောက်ထပ် အချက်အလက်များ ရှုံးထွက်, မိုးမိုး​အေး ...

မိုးမိုး​အေး (၅၀ကီလို​အောက် ​ကြိမ်တုတ်အတိုက်)

နောက်ထပ် အချက်အလက်များ ရှုံးထွက်, မိုးမိုး​အေး ...

​ကြေးတံဆိပ်ရရှိသူများ

ဝင်းသက်ပိုင် - ကြိမ်တုတ်အတိုက် (၅၅-၆၀ကီလို အမျိုးသား)

နောက်ထပ် အချက်အလက်များ ရှုံးထွက်, ဝင်းသက်ပိုင် ...

လူမင်းဦး - ကြိမ်တုတ်အတိုက် (၆၀-၆၅ကီလို အမျိုးသား)

နောက်ထပ် အချက်အလက်များ ရှုံးထွက်, လူမင်းဦး ...

ဝိုင်းသက်​အောင် - ၅၅-၆၀ ကီလို ​ဖော့တုတ်အတိုက် (အမျိုးသား)

နောက်ထပ် အချက်အလက်များ ရှုံးထွက်, ဝင်းသက်ပိုင် ...

ထက်​ဝေလှိုင် - အလွတ်တန်းအမျိုးသားတစ်ဦးချင်းစွမ်းရည်ပြ

နောက်ထပ် အချက်အလက်များ အမည်, ပွဲစဉ် ...

သန္တာခိုင် - ကြိမ်တုတ်အတိုက် (၅၀-၅၅ကီလို အမျိုးသမီး)

နောက်ထပ် အချက်အလက်များ ရှုံးထွက်, ဝင်းသက်ပိုင် ...

သန္တာခိုင် - ကြိမ်တုတ်အတိုက် (၅၀-၅၅ကီလို အမျိုးသမီး)

နောက်ထပ် အချက်အလက်များ ရှုံးထွက်, သန္တာခိုင် ...

ခင်ခင်ခန့် - အလွတ်တန်းအမျိုးသမီးတစ်ဦးချင်းစွမ်းရည်ပြ

နောက်ထပ် အချက်အလက်များ အမည်, ပွဲစဉ် ...
နောက်ထပ် အချက်အလက်များ အမည်, ပွဲစဉ် ...
Remove ads

​ပြေးခုန်ပစ်

နောက်ထပ် အချက်အလက်များ ဆုတံဆိပ်များ, စုစုပေါင်း ...

အမျိုးသား

နောက်ထပ် အချက်အလက်များ အမည်, ပွဲစဉ် ...

အမျိုးသမီး

နောက်ထပ် အချက်အလက်များ အမည်, ပွဲစဉ် ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads