ဂျီ (အက္ခရာ)

လက်တင်ဘာသာစကား From Wikipedia, the free encyclopedia

ဂျီ (အက္ခရာ)
Remove ads

Gသည် ၇ လုံးမြောက်သော အခြေခံ လက်တင်အက္ခရာတစ်ခုဖြစ်သည်။ G သည် C ၏ မူကွဲ စာလုံးတစ်လုံးဖြစ်ပြီး K သံမှ ကွဲပြားစေရန်အတွက် ရှေးဟောင်းလက်တင်စာပေအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ G အား အင်္ဂလိပ်ဘာသာဖြင့် /ge/; အများကိန်းအတွက် /ges/ ဟူ၍ အသံထွက်သည်။[] ရောမခေတ် ဘီစီ ၂၃၀ ခန့်တွင် ပထမဆုံးသော အခပေးစာသင်ကျောင်း ဖွင့်လှစ်ရန်အတွက် အကျဉ်းသား ဘဝမှ လွတ်မြောက်ပေးခြင်းခံရသူတစ်ဦးဖြစ်သူ Spurius Carvilius Ruga မှ ထိုစာလုံးအား တီထွင်ပေးခဲ့သည်။ ထို့နောက်သူ၏ကျောင်းတွင် ထိုစာလုံးကို သင်ကြားပို့ချပေးခဲ့သည်။

အချက်တိုများ G, အခြေခံ လက်တင်အက္ခရာ ...
Remove ads
ဂျီ (အက္ခရာ) ကို အခြားနည်းဖြင့် ဖေါ်ပြချက်များ
NATO phonetic မောရ်စ်၏ သင်္ကေတ
Golf ––·
Thumb Thumb Thumb
အချက်ပြအလံ Flag semaphore မျက်မမြင် သင်္ကေတ

ယခင်က G အား Z နေရာတွင် အစားထိုးခဲ့သည်။ ထို့နောက်G သံသည် K ဖြစ်လာသကဲ့သို့ပင် G သံသည် ပျော့ပြောင်းလာခဲ့သည်။ ထို့ကြောင့် G အသံထွက်သည် အင်္ဂလိပ်ဘာသာမှသည် ရောမဘာသာထိအောင် အသံထွက် အမျိုးမျိုး ရှိလေသည်။ G တွင် ရေးသားနည်း ၂ မျိုး ရှိလေသည်။ အက္ခရာအသေး G တွင် g ကို Double-Story ၍ခေါ်ပြီး နှင့် ɡ ကို Single-Story ဟုခေါ်သော G ဟူ၍ နှစ်မျိုးရှိသည်။ သို့သော် ɡ သည်သာလျှင် နိုင်ငံတကာ အက္ခရာရေးနည်းတွင် အသုံးပြုလေသည်။ Double Story Gတွင် အဝိုင်းနှစ်ခု ဆက်ထားသော g အပေါ်ရှိ အမျှင်ကလေးကို နား(ear) ဟု ခေါ်လေသည်။

Remove ads

အသုံးပြုပုံ

  • ကွန်ပျူတာပိုင်းတွင် G အား ကွန်ပျူတာ သိမ်းဆည်းမှု ပမာဏပြသော အတိုင်းအတာတစ်ခုဖြစ်သည့် Giga ဟူသော စကားစုအား အတိုကောက် အနေဖြင့် G ဟူ၍ ပြသသည်။
  • ယူနီကုဒ်တွင် အက္ခရာကြီး G အား ယူနီကုဒ် အမှတ်U+0047 အဖြစ်သုံးပြီး အက္ခရာသေး g အား U+0067 အဖြစ် သတ်မှတ် အသုံးပြုသည်။
  • အမေရိကန် လုပ်ရှားမှုဓာတ်ပုံ အဖွဲ့အစည်းမှပေးသော G အဆင့်သည် ရုပ်ရှင်ကို ပရိတ်အား ပြသရန် ကောင်းသည်ဟူသော အဓိပ္ပာယ် ဖြစ်သည်။
  • ဂီတတွင် G သည် Sol ဟူသော ဂီတ သင်္ကေတ တစ်ခုဖြစ်သည်။
  • ဗီယက်နမ်ဘာသာတွင် G သည် ၁၀ လုံးမြောက်သော ဗီယက်နမ် အက္ခရာတစ်ခု ဖြစ်သည်။
  • ထို့အပြင် အရောင်ပိုင်းဆိုင်ရာတွင်လည်း RGB ဟူ၍ ရှိပြီး G သည် အစိမ်းရောင် Green ကို ကိုယ်စားပြုသော အက္ခရာ ဖြစ်သည်။
Thumb
နှစ်မျိုးရေးသားသော G အက္ခရာသေး ပုံများ


Remove ads

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads