ကင်းမရွာ၊ ပေါက်မြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ကင်းမရွာ (အင်္ဂလိပ်: Kinma)သည် မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ပေါက်မြို့နယ်ကင်းမကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၈၃၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကင်းမကျေးရွာအုပ်စုတွင် ကျား ၉၉၁ ဦး၊ မ ၁၀၃၆ ဦး၊ လူဦးရေ စုစုပေါင်း ၂၀၂၇ ဦးနေထိုင်သည်။ []

အချက်တိုများ ကင်းမ, ကင်းမရွာ ...
Remove ads

ရွာလုံးကျွတ်မီးလောင်ခြင်း

၂၀၂၁ ခု၊ ဇွန်လ ၁၅ ရက်၌ တပ်မတော်မှ နယ်မြေရှင်းလင်းရေးဟု အမည်တပ်ကာ ရွာအား မီးရှို့ခြင်းကြောင့် အိမ်ခြေ ၂၄၀ ကျော်အနက် ၂၀၀ ခန့်ကို မီးသင့်ခဲ့ကာ ရွာတွင်းကျန် သက်ကြီးရွယ်အို ၂ ဦးပါ မီးခသေဆုံးခဲ့သည်။ တပ်မတော်ဘက်မှမူ တပ်မတော့်အသရေညှိုးစေရန် ရွယ်ရိုးရည်သန်ကာ ရွာသားများက ကိုယ်တိုင်ရှို့ကြောင်း သတင်းထုတ်သည်။[] အလားတူထုတ်ပြန်ချက်မျိုးကို ရိုဟင်ဂျာအရေး၌လည်း သုံးဖူးသည်။[] ရွာခံတဦး၏ပြောကြားချက်အရ ပြည်သူ့ကာကွယ်ရေးတပ်မှ ပြောက်ကျားစစ်ဆင်ပြီးနောက် ပြန်ဆုတ်သွားရာ အနီးရှိရွာသို့ ရောက်လာ၍ ရွာတောင်ပိုင်းမှစကာ တပ်မတော်သားတို့က မီးရှို့ကြောင်း ဆိုသည်။ မီးမှာ အားကြီးသည့်အတွက် နာဆာ၏ မီးလောင်မှုခြေရာကောက်စနစ်မှ ယင်းနေ့ ညနေ ၃ နာရီ ၂၂ မိနစ်ခန့်တွင် မှတ်တမ်းတင်ထားကြောင်း ရိုက်တာသတင်းအရ သိရသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads