ကပီလာ

From Wikipedia, the free encyclopedia

ကပီလာ
Remove ads

ကပီလာ သည် ကြယ်စုတန်း အော်ရီဂါတွင် အတောက်ပဆုံး ကြယ်တစ်စင်းဖြစ်ပြီး ညဘက်ကောင်းကင်ယံတွင် ဆဌမမြောက် အတောက်ပဆုံးဖြစ်ကာ မြောက်ကမ္ဘာခြမ်းတွင် အာကျူးရပ် နှင့် ဗီးဂ ပြီးလျင် တတိယမြောက် အတောက်ပဆုံးကြယ်ဖြစ်သည်။ ယင်းသည် သာမန်မျက်စိဖြင့်ကြည့်လျင် ကြယ်တစ်စင်းအဖြစ် မြင်ရသော်လည်း အမှန်တကယ်မှာမူ ကြယ်လေးစင်းပါဝင်သော ကြယ်စုံတွဲ နှစ်ခုဖြစ်သည်။ ပထမဆုံး ကြယ်တစ်စုံသည် type-G ကြယ်ဘီလူးများ ဖြစ်ကြပြီး စက်ဝိုင်းပုံပတ်လမ်းဖြင့် အချင်းချင်း ၀.၇၆ AU အကွာမှ ၁၀၄ ရက်လျင်တစ်ကြိမ်နှုန်းဖြင့် လှည့်ပတ်နေကြသည်။ ယင်းကြယ်များသည် နေထက် ၃ ဆခန့် ကြီးမားကြသည်။ ဒုတိယတစ်စုံမှာ ပထမတစ်စုံနှင့် ၁၀၀၀၀ AU အကွာတွင် တည်ရှိပြီး သေးငယ်သည့် ကြယ်ပုနီများဖြစ်သည်။ ကပီလာ ကြယ်စနစ်သည် နေမှ အလင်းနှစ် ၄၂.၈ သာကွာဝေးသည်။



အချက်တိုများ ကြယ်စုတန်း, ညာဘက် နိမ့်ဆင်းမှု ...
Remove ads

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads