ကုန်းစံရွာ၊ နောင်ချိုမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ကုန်းစံရွာ (အင်္ဂလိပ်: Konesam)သည် ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၅၈၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကုန်းစံကျေးရွာအုပ်စုတွင် ကျား ၁၁၃၂ ဦး၊ မ ၁၂၀၂ ဦး၊ လူဦးရေ စုစုပေါင်း ၂၃၃၄ ဦးနေထိုင်သည်။ [၁]
ကုန်းစံ ကျေးရွာအုပ်စုကို ကျေးရွာ (၇) ရွာဖြင့် ဖွဲ့စည်းထားပြီး အုပ်စုရွာ မှာ ကုန်းစံ ဖြစ်သည်။ နာမည်ကျော် ဂုတ်ထိပ်တံတား နှင့် ဂုတ်ထိပ် ရွာမှာ ကုန်းစံအုပ်စုအတွင်း တည်ရှိသည်။ ဂုတ်ထိပ်လေးလမ်းသွားကားလမ်းကူးတံတားသစ်သည် ကုန်းစံအုပ်စုအတွင်းရှိ ဂုတ်တွင်းလျှို နောင်ချိုမြို့နယ်ဖက်ကမ်း ကို ကျောက်မဲမြို့နယ်ဖက်ကမ်းနှင့် ဆက်သွယ်ပေးမည်ဖြစ်သည်။ တံတားစီမံကိန်းအတွက် မြေလျာနှင့်သီးနှံလျော်ကြေးများ ပေးပြီးဖြစ်ကာ စိတ်ဝင်စားမှုအဆိုပြုလွှာခေါ်ယူခဲ့ရာ ယခင်အဆိုပြု အော်ရီယံတယ် ဟိုက်ဝေး (ယခင် အေးရှားဝေါ) ကုမ္ပဏီကပင် တင်ဒါလုပ်ငန်းများ လုပ်ကိုင်ရဖွယ်ရှိနေသည်။ ကုန်းစံရွာတွင် သစ်တောကြိုးဝိုင်းမြေကိစ္စ အငြင်းပွားမှုများ ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads