ကျွန်းစုမြို့နယ်

တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် From Wikipedia, the free encyclopedia

ကျွန်းစုမြို့နယ်map
Remove ads

ကျွန်းစုမြို့နယ် (သို့မဟုတ် မြိတ်အနောက်မြို့နယ်) သည် မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျွန်းစုမြို့ ဖြစ်သည်။[] မြိတ်မြို့၏ အနောက်ဘက်၊ အနောက်မြောက်နှင့် အနောက်တောင်ဘက်ရှိ မြိတ်ကျွန်းစု၏ အစိတ်အပိုင်း အတော်များများသည် ကျွန်းစုမြို့နယ်တွင် ပါဝင်သည်။[] ကျွန်းစုမြို့သည် ကတန်ကျွန်းပေါ်တွင်တည်ရှိပြီး မြိတ်မြို့၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။[][]

အချက်တိုများ ကျွန်းစုမြို့နယ်, နိုင်ငံ ...

ကျွန်းစုမြို့နယ်တွင် ကျွန်းအများအပြား ပါဝင်သည်။ အရွယ်အစားအမျိုးမျိုး ရှိကာ ကျွန်းပေါင်း ၂၀၀ကေျာ် ခန့် ရှိသည်။ Geography of South Tenasserim and Mergui archipelago by Mr. H.L Chhibber တွင်မြိတ်ကျွန်းစု၌ကျွန်းပေါင်း ၉၀၀ ကျော် ရှိကြောင်း အကြမ်းဖျင်း ဖော်ပြသည်။ မြိတ်ကျွန်းစုရှိ အကြီးဆုံးကျွန်း ကတန်ကျွန်းမှာ စတုရန်းမိုင်ပေါင်း ၁၇၀ ကျယ်ဝန်းကာ ‌မြိတ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။ ဒုတိယအကြီးဆုံးကျွန်းက ကက်သရင်း ကျွန်း ဖြစ်ကာ၊ တောဖုံးနေပြီး ကမ်းစပ်၌ လမုတောများ ပေါက်ရောက်နေသည်။ အခြား ထင်ရှားသော ကျွန်းများမှာ -

  1. လန်ပိကျွန်း
  2. လက်စွပ်အော်ကျွန်း
  3. ပြင်စဘုကျွန်း
  4. သရောသဟန်ကျွန်း
  5. ကွမ်းသီးကျွန်း[]
Remove ads

သမိုင်းကြောင်း

ကျွန်းစုမြို့နယ်ကို မြိတ်မြို့နယ်မှ ၁၉၉၀ ခုနှစ်တွင် ခွဲထုတ်ခဲ့သည်။[]

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads