ကြီးမားသော မစ်ဂျစ်လန်နစ် တိမ်တိုက်

From Wikipedia, the free encyclopedia

ကြီးမားသော မစ်ဂျစ်လန်နစ် တိမ်တိုက်
Remove ads

ကြီးမားသော မစ်ဂျစ်လန်နစ် တိမ်တိုက်သည် နဂါးငွေ့တန်း ဂလက်ဆီ၏ အရံ ဂလက်ဆီ (satellite galaxy) တစ်ခုဖြစ်သည်။ ယင်းသည် ၅၀ kiloparsecs (အလင်းနှစ် ≈၁၆၀,၀၀၀ ဝန်းကျင်) အကွာအဝေးတွင် တည်ရှိပြီး[][][] Sagittarius Dwarf Spheroidal ဂလက်ဆီပြီးလျင် နဂါးငွေ့တန်း ဂလက်ဆီနှင့် ဒုတိယ သို့မဟုတ် တတိယ အနီးဆုံး ဂလက်ဆီဖြစ်သည်။ မြင်နိုင်သောကြယ်များနှင့် နေထုထည်ပေါင်း ၁၀ ဘီလီယံနီးပါးခန့်တို့ကိုအခြေခံ၍ တွက်ချက်ချက်အရ ကြီးမားသော မစ်ဂျစ်လန်နစ် တိမ်တိုက်၏ အချင်းမှာ အလင်းနှစ် ၁၄,၀၀၀ ရှိသည်။ ယင်းသည် နဂါးငွေ့တန်းဂလက်ဆီ၏ ထုထည်ပမာဏ ၁၀၀ ပုံ ၁ ပုံခန့်ရှိပြီး[] Local Group တွင် အင်ဒရိုမီဒါ ဂလက်ဆီ၊ နဂါးငွေ့တန်းနှင့် ထရိုင်ဂူလယ် ဂယ်လက်ဆီပြီးလျင် လေးခုမြောက် အကြီးဆုံး ဂလက်ဆီဖြစ်သည်။ နောင်နှစ်ပေါင်း ၂.၄ ဘီလီယံနီးပါးခန့်တွင် နဂါးငွေ့တန်း ဂလက်ဆီနှင့် တိုက်မိမည်ဟု ခန့်မှန်းထားသည်။[]

အချက်တိုများ Large Magellanic Cloud, လေ့လာရေး ဒေတာ (J2000 epoch) ...
Remove ads

ဆက်စပ်ကြည့်ရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads