ကွတ်ခိုင်မြို့နယ်

From Wikipedia, the free encyclopedia

ကွတ်ခိုင်မြို့နယ်
Remove ads

ကွတ်ခိုင်မြို့နယ် သည် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်ကွတ်ခိုင်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ ကွတ်ခိုင်မြို့နှင့် တာမိုးညဲမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ကွတ်ခိုင်မြို့ ဖြစ်သည်။[]

အချက်တိုများ ကွတ်ခိုင်မြို့နယ်, နိုင်ငံ ...
Remove ads

ပထဝီဝင်

အရှေ့ဘက်တွင် လောက်ကိုင်ခရိုင်လောက်ကိုင်မြို့နယ်နှင့် နယ်နမိတ် ထိစပ်လျက်ရှိသည်။[] မြောက်ဘက်တွင် မူဆယ်မြို့နယ်၊ အရှေ့ဘက်တွင် ကွမ်းလုံမြို့နယ်နှင့် သံလွင်မြစ်၊ တောင်ဘက်တွင် သိန္နီမြို့နယ်၊ အနောက်ဘက်တွင် နမ့်ခမ်းမြို့နယ်နှင့် နမ္မတူမြို့နယ်တို့ဖြင့် နယ်နမိတ် ဆက်စပ်လျက်ရှိသည်။ ကွတ်ခိုင်မြို့နယ်ကို ၁၉၇၂ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၇၅ ခုနှင့် ကျေးရွာ ၆၄၀ တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ အကျယ်အဝန်းမှာ ၇.၀၆ စတုရန်းမိုင် ဖြစ်သည်။

Remove ads

ရာသီဥတု

မေလမှ အောက်တိုဘာလအထိ မိုးရွာသွန်းလေ့ရှိပြီး တစ်နှစ် ပျမ်းမျှမိုးရေချိန်မှာ ၇၀ လက်မ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၄၀၀ ကျော်တွင် တည်ရှိပြီး အပူချိန်မှာ ၃၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လေ့မရှိပေ။

ဖွံ့ဖြိုးမှု

ကွတ်ခိုင်မြို့နယ်တွင် အထက်တန်းကျောင်း ၄ ကျောင်း၊ အထကခွဲ ၁ ကျောင်း၊ အလယ်တန်းကျောင်း ၅ ကျောင်း၊ အလကခွဲ ၃ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၀ နှင့် မူလတန်းကျောင်း ၁၀၂ ကျောင်း ရှိသည်။

၂၅ ကုတင်ဆန့်ဆေးရုံ ၂ ခု၊ ၁၆ ကုတင်ဆန့် ဆေးရုံ ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၇ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၅ ခုနှင့် တိုက်နယ်ကျန်းမာရေးဌာန ၂ ခု ရှိသည်။


ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads