ခင်ပုပ်ငှက်

ဇီးကွက်မျိုးနွယ်ဝင် ငှက် From Wikipedia, the free encyclopedia

ခင်ပုပ်ငှက်
Remove ads

ခင်ပုပ်ငှက်ကို မြင်ဘူးသူ နည်းပါးသော်လည်း ကျီးကန်း၏ ကမ္ဘာ့ရန်သူအဖြစ် သိသူများသည်။ ခင်ပုပ်ကို အရှေ့တိုင်းဒေသများတွင် အများအပြား တွေ့ရသည်။ မြန်မာနိုင်ငံ၌ ကွင်းပြင်၌ တောင်ခြေများတွင် ကျက်စားလေ့ရှိသည်။ မြင့်မားသော တောင်ပေါ်များ၌မူ တွေ့ရခဲသည်။ ခင်ပုပ်သည် ဇီးကွက်မျိုးတွင် ပါဝင်သည်။ အလျား ၁၂ လက်မခွဲခန့် ရှိသည်။ အခြားဇီးကွက်များကဲ့သို့ နားရွက်တွင် အမွှေးမရှိချေ။ ကိုယ်အောက်ပိုင်းတွင် ဖြူ၍ လည်ပင်းတွင် မည်းနက်သောအမှတ်အသား ရှိသည်။ တောင်ပံရှည်၍ ချွန်သည်။

အချက်တိုများ ခင်ပုပ် (Brown Hawk Owl), ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...

ခင်ပုပ်သည် ညဉ့်ငှက်မျိုးဖြစ်၍ မှောင်သောအခါတွင်သာ အစာရှာထွက်သည်။ နေရောင်ကို ကြောက်သောကြောင့် နေ့အချိန်တွင် သစ်ပင်၊ ဝါးရုံ၊ ချုံဖုတ်များတွင် ပုန်းလျှိုးနေတတ်သည်။ ပိုးမွှားများနှင့် အခြား တိရစ္ဆာန်ငယ် ငှက်ငယ်များကို ဖမ်းဆီးစားသောက်တတ်သည်။ ညဉ့် အချိန်၌သာ အော်တတ်၍၊ ယင်း၏အော်သံမှာ ဇီးကွက်သံနှင့် တူသည်။ သားပေါက်ချိန်မှာ ဧပြီလမှ မေလအထိ ဖြစ်၍ တစ်ခါတစ်ရံတွင် မတ်လမှ ဇွန်လအထိ ဖြစ်သည်။ ဥများကို မြေမှ ပေ ၂ဝ ခန့်မြင့်သော သစ်ခေါင်းထဲတွင် အုလေ့ရှိသည်။ တစ်မြုံလျှင် ဥ ၃၊ ၄ လုံးရှိ၍၊ ဥ၏ အရွယ်မှာ ပျမ်းမျှ အလျား ၁.၃၈ လက်မနှင့် ပြက် ၁.၁၆ လက်မရှိသည်။ []

Thumb
Ninox scutulata obscura
Remove ads

ပုံများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads