ဂလက်ဆီပု
From Wikipedia, the free encyclopedia
Remove ads
ဂလက်ဆီပု (အင်္ဂလိပ်: Dwarf galaxy) ဆိုသည်မှာ ဂယ်လက်ဆီငယ်တစ်ခုဖြစ်ပြီး မိမိတို့ နဂါးငွေ့တန်းနှင့်နှိုင်းယှဉ်ပါက အရေအတွက်ပမာဏ နည်းပါးသော ကြယ်ပေါင်း ဘီလီယံများစွာ ပါဝင်သည်။ ကြီးမားသော မဂ္ဂလန်တိမ်တိုက်သည် နဂါးငွေ့တန်းနှင့် နီးကပ်စွာလှည့်ပတ်ပြီး ကြယ်ပေါင်း ဘီလီယံ ၃ဝ ပါဝင်ကာ ဂလက်ဆီပုဟု ခေါ်သည်။ နက္ခတ္တပညာရှင်များသည် ယင်းဂလက်ဆီတို့၏ အရွယ်အစား ပုံပန်းသွင်ပြင်အရ အမျိုးအစားပေါင်းများစွာအဖြစ် ခွဲခြားသတ်မှတ်ကြသည်။

Remove ads
Local ဂလက်ဆီပုများ
Local Group ထဲတွင် ဂလက်ဆီပုများစွာရှိသည်။ ယင်းတို့သည် ပိုမိုကြီးမားသော ဂလက်ဆီများဖြစ်ကြသည့် နဂါးငွေ့တန်း၊ အင်ဒရိုမီဒါ ဂလက်ဆီနှင့် ထရိုင်ဂူလယ် ဂယ်လက်ဆီတို့အား လှည့်ပတ်ကြသည်။ နဂါးငွေ့တန်းအား လှည့်ပတ်နေကြသည့် ဂယ်လက်ဆီပု အခု ၂ဝ ခန့်အား မကြာသေးခင်ကမှ လေ့လာတွေ့ရှိခဲ့သည်။[၁]
ကျမ်းကိုး
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads