ဂျီလိုရာ ဘန်ကာနို အားကစားကွင်း
From Wikipedia, the free encyclopedia
Remove ads
ဂျီလိုရာ ဘန်ကာနို အားကစားကွင်းသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ ဂျီလိုရာ ဘန်ကာနို အားကစားရုံစုတွင် တည်ရှိသော အဓိက အားကစားကွင်းဖြစ်သည်။ မူလအမည်မှာ ဂျီလိုရာ ဆန်နာရန် ပင်မအားကစားကွင်းဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံးသမ္မတ ဆူကာနိုကို ဂုဏ်ပြု၍ ဘန်ကာနိုအားကစားကွင်းဟု ခေါ်ကြခြင်းဖြစ်သည်။ ဘန် ကာနိုဆိုသည်မှာ အစ်ကို/ ရဲဘော် ကာနိုဟု ခေါ်ဆိုခြင်းဖြစ်သည်။
၁၉၆၀ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၂ခုနှစ်တွင် ပြီးစီးခဲ့ကာ ၁၉၆၂ခုနှစ် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပခဲ့သည်။ မူလက ပရိသတ် ၁၁၀၀၀၀ ဝင်ဆံ့သော်လည်း ၂၀၀၆ခုနှစ်တွင် (၈၈,၃၀၆)၊ ၂၀၁၈ခုနှစ်တွင် (၇၇,၁၉၃) ဦးရေအထိ လျှော့ချခဲ့သည်။ ပရိသတ် (၈၈,၃၀၆) ဝင်ဆံ့စဉ်က ကမ္ဘာ့ သတ္တမမြောက် အကြီးဆုံးအားကစားကွင်းဖြစ်သည်။ ယခုအချိန်တွင် ကမ္ဘာပေါ်တွင် (၂၈) ကွင်းမြောက် အကြီးဆုံးကွင်းဖြစ်ကာ အာရှတိုက်တွင် အဋ္ဌမမြောက် အကြီးဆုံး အားကစားကွင်းဖြစ်သည်။
Remove ads
သမိုင်းကြောင်း
တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၆၀ပြည့်နှစ် ဖေဖော်ဝါရီလ ၈ရက်နေ့တွင် စတင်ခဲ့ပြီး ၁၉၆၂ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့တွင် ပြီးစီးခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စု၏ ချေးငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မူလက ပရိသတ် (၁၁၀,၀၀၀) ဝင်ဆံ့သော်လည်း ၂၀၀၇ အာရှဖလား ဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်ချိန်တွင် (၈၈,၃၀၆) အထိ လျှော့ချခဲ့သည်။ဤအားကစားကွင်းသည် ဂျီလိုရာ ဘန်ကာနို အားကစားကွင်းဟု လူသိများသော်လည်း ၎င်း၏ တရားဝင်အမည်မှာ ဂျီလိုရာ ဘန်ကာနို ပင်မအားကစားကွင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဂျီလိုရာ ဘန်ကာနို အားကစားရုံစုတွင် အခြား အားကစားကွင်းများ ရှိသေးသောကြောင့်ဖြစ်သည်။ မူလက ဂျီလိုရာ ဆန်နာရန် ပင်မအားကစားကွင်းဟု အမည်ပေးခဲ့သော်လည်း ၁၉၆၂ အာရှအားကစားပြိုင်ပွဲအပြီး ရက်၂၀အကြာ ၁၉၆၂ခုနှစ် စက်တင်ဘာ ၂၄ရက်နေ့တွင် ယခုအမည်သို့ ပြောင်းလဲခဲ့သည်။ သို့သော်သမ္မတ ဆူဟာတို၏ အာဏာရစဉ်ကာလအတွင်း ၁၉၆၉ခုနှစ်တွင် ယခင်သမ္မတ ဆူကာနို၏ ပုံရိပ်ကို ဖျောက်ဖျက်ရန် အားကစားရုံစုနှင့် အားကစားကွင်းအား ယခင်အမည်သို့ ပြန်ပြောင်းခဲ့သည်။ အာဏာရှင်စနစ်ပြုတ်ကျပြီး ၂၀၀၁ခုနှစ် ဇန်နဝါရီ ၁၇ရက်တွင်မှ ယခုအမည်သို့ ပြန်လည် ပြောင်းလဲခဲ့သည်။[၄][၅][၆]

၂၀၁၈ခုနှစ်တွင် ၂၀၁၈ အာရှအားကစားပြိုင်ပွဲနှင့် အာရှ မသန်စွမ်းအားကစားပြိုင်ပွဲကို လက်ခံကျင်းပရာတွင် အဓိကအားကစားကွင်းအဖြစ် အသုံးပြုခဲ့သည်။၎င်းပြိုင်ပွဲများအတွက် အားကစားကွင်းအား ပြုပြင်ရာတွင် ကျန်ရှိနေသော နေရာများအား ထိုင်ခုံများ တပ်ဆင်ခဲ့ပြီး ကွင်း၏ဝင်ဆံ့ဦးရေမှာ (၇၇,၁၉၃) ဖြစ်လာခဲ့သည်။ ထိုင်ခုံအသစ်များမှာ အနီရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်များဖြစ်ကာ အင်ဒိုနီးရှားအလံကို လွှင့်ထားသည့်ပုံ တပ်ဆင်ထားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads