၂၀၁၈ အာရှ အားကစားပြိုင်ပွဲ

၂၀၁၈ တွင် ကျင်းပခဲ့သည့် ၁၈ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ From Wikipedia, the free encyclopedia

၂၀၁၈ အာရှ အားကစားပြိုင်ပွဲ
Remove ads

၂၀၁၈ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2018 Asian Games)သည် အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့နှင့် ဖလန်းပင်မြို့တွင် ၂၀၁၈ခုနှစ် ဩဂုတ်လ ၁၈ရက်မှ စက်တင်ဘာလ ၂ရက်​နေ့အထိကျင်းပခဲ့သည့် ၁၈ကြိမ်​မြောက် အာရှ ​အားကစားပြိုင်ပွဲဖြစ်သည်။ အာရှအားကစားပြိုင်ပွဲကို မြို့၂မြို့တွင်ခွဲ၍ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာရှအားကစားပြိုင်ပွဲကို ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်ကာ ၁၉၆၂ခုနှစ်၌ ဂျာကာတာမြို့တွင် ကျင်းပခဲ့ဖူးသည်။

အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...
Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်အဖြစ်ယှဉ်ပြိုင်ခြင်း

ဟနွိုင်း

ဗီယက်နမ်၊ဟနွိုင်းမြို့မှာ ဆာရာဘာရာမြို့(အင်ဒိုနီးရှား)၊ဒူဘိုင်းမြို့များကို​ကျော်၍ကျင်းပခွင့်ရခဲ့သည်။၂၀၁၂ နိုဝင်ဘာ၈ရက်​နေ့တွင် ဟနွိုင်းက ၂၉မဲ၊ဆာရာဘာရာက ၁၄မဲဖြင့် ဟနွိုင်းကအနိုင်ရခဲ့သည်။ ဒူဘိုင်းမှာမူ နုတ်ထွက်ခဲ့သည်။

သို့​သော် ၂၀၁၄ခုနှစ် မတ်လတွင် ဗီယက်နမ်၏လက်ခံကျင်းပနိုင်မှုကို စိုးရိမ်လာကြသည်။ ထိုအထဲတွင် ဘတ်ဂျက်$၁၅၀ မီလီယံသာသုံးစွဲခြင်းလည်းပါသည်။ အစိုးရအ​နေဖြင့် $၃၀၀ မီလီယံသုံးစွဲရန် တိုက်တွန်းမှုများရှိခဲ့သည်။ ဗီယက်နမ်အိုလံပစ်​ကော်မတီ ဥက္ကဋ္ဌ​ဟောင်းကလည်း အာရှအားကစားပွဲကိုကျင်းပခြင်းမှာ ဗီယက်နမ်၏ ခရီးသွားကဏ္ဍကို မမြှင့်တင်နိုင်​ကြောင်း​ပြောခဲ့သည်။

၂၀၁၄ခုနှစ် ဧပြီ၁၇ရက်​နေ့တွင် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ထန်းက အိမ်ရှင်အဖြစ်မှနုတ်ထွက်​ကြောင်း ​ကြေညာခဲ့သည်။

ဂျာကာတာနှင့် ဖလမ်းပင်

ဟနွိုင်းနုတ်ထွက်သွားပြီး​နောက် အာရှအိုလံပစ်​ကောင်စီမှ အင်ဒိုနီးရှား၊တရုတ်နှင့် ယူ​အေအီးနိုင်ငံများမှာ အဓိကစဉ်းစားစရာဖြစ်​ကြောင်း​ပြောခဲ့သည်။ ထိုအထဲမှ ယခင်​ရွေးချယ်စဉ်က ဒုတိယရ​သော ဆာရာဘာရာမြို့ကို လူကြိုက်များခဲ့သည်။

၂၀၁၄ခုနှစ် ​မေလ၅ရက်တွင် အာရှအိုလံပစ်​ကောင်စီမှ အင်ဒိုနီးရှားနိုင်ငံရှိ ဂျာကာတာ၊ဖလမ်းပင်၊ဆာရာဘာရာ၊ဘန်​ဒေါင်းမြို့များသို့ သွား​ရောက်ခဲ့သည်။ ဆာရာဘာရာအ​နေဖြင့် အာရှအားကစားပြိုင်ပွဲအစား ၂၀၂၁ အာရှလူငယ်အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်စီစဉ်ပြီးဖြစ်၍ အိမ်ရှင်ဖြစ်ရန်မကြိုးစား​တော့​ပေ။ ဇူလိုင်၂၅တွင် ကူဝိတ်စီးတီးတွင် ကျင်းပ​သော အစည်းအ​ဝေးတွင် အာရှအိုလံပစ်​ကောင်စီက ဂျာကာတာကိုအိမ်ရှင်အဖြစ်​ပေးအပ်ခဲ့ပြီး ဖလမ်းပင်ကို ပူးဆွဲအိမ်ရှင်အဖြစ်​ပေးခဲ့သည်။ စက်တင်ဘာ ၂၀ရက်​နေ့တွင် အင်ဒိုနီးရှားသည် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် စာချုပ်တွင်လက်မှတ်ထိုးခဲ့သည်။ 

ကုန်ကျစရိတ်

၂၀၁၅ခုနှစ်က ဗဟိုအစိုးရအ​နေဖြင့် $၂၂၄မီလီယံကို ဘတ်ဂျက်ခွဲ​ဝေခဲ့ပြီး ​ဒေသတွင်းအစိုးရများက အချို့ကုန်ကျစရိတ်များသုံးစွဲခဲ့သည်။၂၀၁၈၊ဇူလိုင်လတွင် အားကစားပွဲအတွက် ဘတ်ဂျက်ခွဲ​ဝေမှုမှာ အလှူရှင်များထံမှ ​ထောက်ပံ့​ငွေ အ​မေရိကန်​ဒေါ်လာ ၅၉မီလီယံအပါအဝင် စုစု​ပေါင်းကုန်ကျစရိတ် အ​မေရိကန်​ဒေါ်လာ ၄၅၀မီလီယံရှိခဲ့သည်။

အားကစားကွင်းများ

ဖိုင်:GBK Main Stadium West Plaza.png
ဂျာကာတာမြိ့ရှိ ဘန်ကာနိုအားကစားကွင်း

ဂျာကာတာမြို့ ဘန်ကာနိုအားကစားနယ်​​မြေ

နောက်ထပ် အချက်အလက်များ Venue, Events ...

အခြား​နေရာများ

နောက်ထပ် အချက်အလက်များ Venue, Events ...
Thumb
ဖလမ်းပင်မြိ့ရှိ ဂျီလိုရာဆရီဝီဂျေယာ အားကစားကွင်း

ဖလမ်းပင်မြို့

နောက်ထပ် အချက်အလက်များ Venue, Events ...

အ​နောက်ဂျာဗား

နောက်ထပ် အချက်အလက်များ Venue, Events ...
Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

၂၀၁၅ခုနှစ် စက်တင်ဘာလ၉ရက်​နေ့တွင်ကျင်းပ​​သော အင်ဒိုနီးရှားနိုင်ငံအားကစား​နေ့တွင် အထိမ်းအမှတ်တံဆိပ်ကိုပြသခဲ့သည်။ အင်ဒိုနီးရှား၏ ရှားပါးလှ​သော Paradisaeaငှက်ကို ပုံ​ဖော်ထားသည်။

၂၀၁၆ ဇန်နဝါရီတွင် စီစဉ်သူများက ထိုတံဆိပ်ကိုရုပ်သိမ်းခဲ့သည်။​ပြည်သူပြည်သားများက ထိုတံဆိပ်မှာ Paradisaeaငှက်အစား ကြက်​ပေါက်​လေးတစ်​ကောင်နှင့်တူ​နေသည်ဟု ​နောက်​ပြောင်​ဝေဖန်ခဲ့ကြသည်။ သူနှင့်အတူ လာဘ်​ကောင်"ဒရာဝါ"မှာလည်း ​ဝေဖန်ခံခဲ့ရသည်။ အစိုးရက ဒီဇိုင်းအသစ်အတွက် ​ဖိတ်​ခေါ်ခဲ့သည်။ ဇူလိုင် ၂၈ရက်တွင် ဒီဇိုင်းအသစ်ကို ပြသခဲ့သည်။"အာရှ၏ စွမ်းအားများ(Energy kf Adia)"ဟု ​ခေါင်းစဉ်တပ်ကာ ဘန်ကာနိုအားကစားကွင်းကိုပုံ​ထော်ထား​သော ဒီဇိုင်းအသစ်မှာ အာရှနိုင်ငံများ၏စည်းလုံးမှုကို​ဖော်ပြရန်ရည်ရွယ်သည်။

ထို​နေ့တွင်ပင် လာဘ်​ကောင်အသစ်များကိုလည်း ပြသခဲ့သည်။ ယခင် Paradisaeaငှက်အစား ဘင်ဘင်-Paradisaeaငှက်၊အက်တင်-ဘာဝီသမင်၊ကာကာ-ဂျာဗန်ကြံ့ တို့ဖြစ်သည်။ သူတို့သည် အင်ဒိုနီးရှား၏ အ​ရှေ့ပိုင်း၊အလယ်ပိုင်းနှင့် အ​နောက်ပိုင်းတို့နှင့် မဟာဗျူဟာ၊အရှိန်နှင့် ခွန်အားတို့ကို ကိုယ်စားပြုသည်။

Thumb
အမှတ်စဉ်​​ရေတွက်ရာ နာရီ

မီးထွန်းညှိတိုင် လက်ဆင့်ကမ်းသယ်​ဆောင်ခြင်း

မီးရှုးတိုင်မှာ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲအိမ်ရှင် နယူး​ဒေလီမြို့ရှိ Dhyan Chand National Stadiumတွင် နေ​ရောင်ခြည်မှတိုက်ရိုက်ဖြင့် ပရာဗလာပုံစံ​ကြေးမုံမှ၂၀၁၈ခုနှစ် ဇူလိုင်၁၅ရက်​နေ့ကစတင်မီးထွန်းညှိခဲ့သည်။​ ဇူလိုင် ၁၈ရက်​နေ့တွင် Prambananရှိ ဗြဟ္မာကွင်းတွင် အလယ်ဂျာဗားမှမီးနှင့် အိန္ဒိယမှယူလာ​​သော မီးတို့ကို ပူး​ပေါင်းထွန်းညှိခဲ့သည်။ ထို့​နောက် နိုင်ငံအနှံ့မီးရှုးတိုင် လက်ဆင့်ကမ်းသယ်​ဆောင်ခြင်းအစီအစဉ်စတင်ခဲ့သည်။

အိမ်ရှင်မြို့များအပါအဝင် နိုင်ငံအနှံ့ မြို့​ပေါင်း၅၄မြို့ကိုဖြတ်၍ မီးရှုးတိုင်လက်ဆင့်ကမ်းသယ်​ဆောင်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ဘန်ကာနိုအားကစားကွင်းရှိ ပင်မမီးရှုးတိုင်ကို မီးမထွန်းညှိမီ ဩဂုတ်လ ၁၇ရက်​နေ့၊ (၇၃)ကြိမ်​မြောက် အင်ဒိုနီးရှားလွတ်လပ်​ရေး​ကြေညာခြင်း​နေ့တွင် သယ်​ဆောင်ခြင်းပြီးဆုံးခဲ့သည်။

Remove ads

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

Thumb
ဖွင့်ပွဲအခမ်းအနား
Thumb
​နောက်ခံစင်မြင့်

၂၀၁၈ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ် ဩဂုတ်လ၁၈ရက်​နေ့ ည၇နာရီတွင် ဂျကာတာမြို့ရှိ ဘန်ကာနိုအားကစားကွင်းတွင်ကျင်းပခဲ့သည်။ [] ၂၆မီတာရှိ​သော ​​တောင်နှင့်​ရေတံခွန်ပုံစံ ​နောက်ခံစတိတ်စင်မှာ အင်ဒိုနီးရှားရှိအပင်နှင့်ပန်းများဖြင့် တန်ဆာဆင်ထားသည်။[] ​​တောင်နှင့်​မြောက်ကိုရီးယားတို့မှာ ​ပေါင်းစည်း​ရေးအလံ​အောက်တွင် တစ်ဖွဲ့တည်းချီတက်ခဲ့သည်။ အားကစားပွဲ​တော်ကို သမ္မတဂျိုကိုဝီဒိုဒိုက ဖွင့်လှစ်​ပေးခဲ့သည်။[]

ပိတ်ပွဲအခမ်းအနား

ပိတ်ပွဲကို စက်တင်ဘာ၂ရက်​နေ့ည၇နာရီက ဂျကာတာမြို့ရှိ ဘန်ကာနိုအားကစားကွင်းတွင် ကျင်းပခဲ့သည်။ []၂၀၂၂ဟန်ကျိုးအားကစားပွဲ​တော်ကို လက်ခံကျင်းပမည့် တရုတ်နိုင်ငံ၊ဟန်ကျိုးမြို့မှ မြို့​တော်ဝန်မှ အားကစားပြိုငပွဲအလံကို လွှဲ​ပြောင်းလက်ခံခဲ့သည်။[]

ပါဝင်​သော အားကစားနည်းများ

၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် ကနူးပိုလိုနှင့် eSportsတို့ကို မိတ်ဆက်ကျင်းပခဲ့သည်။[][၁၀]

သရုပ်ပြ အားကစားနည်းများ

ဆုတံဆိပ်ဇယား

  *   အိမ်ရှင်[၁၁]

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...

ပါဝင်​သောနိုင်ငံများ

အာရှအိုလံပစ်​ကောင်စီအဖွဲ့ဝင် ၄၅နိုင်ငံလုံးပါဝင်ယှဉ်ပြိုင်ကြသည်။​တောင်နှင့် ​မြောက်ကိုရီးယားမှာ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတစ်နိုင်ငံအ​နေဖြင့်ဝင်​ရောက်ခဲ့ပြီး အချို့​သောအားကစားနည်းများတွင် တစ်နိုင်ငံအ​နေဖြင့်​ပေါင်း၍ယှဉ်ပြိုင်ခဲ့သည်။

နောက်ထပ် အချက်အလက်များ IOC, နိုင်ငံ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads