၂၀၁၈ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

Remove ads

၂၀၁၈ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2018 Asian Para Games)သည် အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့တွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ ၆ရက်နေ့မှ ၁၃ရက်နေ့အထိ ကျင်းပခဲ့သော တတိယအကြိမ် အာရှ မသန်စွမ်း အားကစားပြိုင်ပွဲဖြစ်သည်။[]

အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...

အဖွဲ့ဝင် ၄၃နိုင်ငံမှ အားကစားသမား ၂၇၆၂ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အားကစားနည်းပေါင်း ၁၈မျိုးမှ ပွဲစဉ်ပေါင်း ၅၀၆မျိုး ကျင်းပခဲ့သည်။ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုမှ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် အီရန်နိုင်ငံတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယတို့ ရရှိခဲ့သည်။

Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်ရွေးချယ်ခြင်း

ပြိုင်ပွဲ၏ အစဉ်အလာအရ အာရှအားကစားပြိုင်ပွဲကို ကျင်းပမည့် မြို့သည် မသန်စွမ်းအားကစားပြိုင်ပွဲကို ဆက်လက် ကျင်းပရသည်။

၂၀၁၈ အာရှအားကစားပြိုင်ပွဲ၏ အိမ်ရှင်မြို့အဖြစ် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့ကို ရွေးချယ်ခဲ့ကြသည်။ သို့သော် ဟနွိုင်းသည် ၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပခဲ့သည့် ၂၀၀၃ခုနှစ်မှစ၍ အဆောက်အဦးများကို ပြန်လည် အသုံးချမှု နည်းပါးခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ အားကစားအဆောက်အဦးများအပေါ် စိုးရိမ်မှုများရှိခဲ့ကြသည်။၂၀၁၄ခုနှစ်တွင် ဗီယက်နမ်သည် ပြိုင်ပွဲကျင်းပခွင့်ကို နုတ်ထွက်ခဲ့သည်။

ဗီယက်နမ်နုတ်ထွက်ပြီးနောက် အာရှအိုလံပစ်ကောင်စီသည် အိမ်ရှင်အသစ်ကို ရွေးချယ်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့သည် အဓိက အိမ်ရှင်လောင်းများ ဖြစ်ကြသည်။ အာရှအိုလံပစ်ကောင်စီသည် အင်ဒိုနီးရှားနိုင်ငံရှိ မြို့များသို့ သွားရောက်လေ့လာခဲ့ပြီး နောက်ဆုံးတွင် မြို့တော် ဂျာကာတာမြို့ကို ၂၀၁၈ အာရှအားကစားပြိုင်ပွဲ၏ အဓိကအိမ်ရှင်မြို့အဖြစ် သတ်မှတ်ကာ ဖလန်းပင်မြို့ကို အကူမြို့အဖြစ် သတ်မှတ်ခဲ့သည်။

၂၀၁၄ခုနှစ် အောက်တိုဘာ ၂၁ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပသည့်ပွဲတွင် ၂၀၁၈ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အိမ်ရှင်မြို့အဖြစ် ဂျာကာတာမြို့ကို အတည်ပြုခဲ့သည်။၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၂၉ရက်နေ့တွင် အိမ်ရှင်အဖြစ် ကျင်းပခွင့် လက်မှတ်ရေးထိုးခဲ့သည်။

အားကစားကွင်းများ

၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် အသုံးပြုခဲ့သော အားကစားကွင်းအများစုကို မသန်စွမ်းပြိုင်ပွဲအတွက် အသုံးပြုခဲ့သည်။

Thumb
ဂျီလိုရာ ဘန်ကာနို အားကစားရုံစု

ဂျီလိုရာ ဘန်ကာနို အားကစားရုံစု

  • ​ရေကူးကန် -​ရေကူး
  • မြားပစ်ကွင်း -မြားပစ်
  • ဘက်စကတ်​ဘောခန်းမ -ဘက်စကတ်​ဘော
  • ​ဟော်ကီကွင်း - Lawn bowls
  • ပင်မအားကစားကွင်း - ဖွင့်ပွဲ၊ ​ပြေးခုန်ပစ်
  • မတ်ရ အားကစားကွင်း- ပိတ်ပွဲ
  • Istora -ကြက်​တောင်ရိုက်
  • ​သေနတ်ပစ်ကွင်း - ​သေနတ်ပစ်
  • မိုးလုံ​လေလုံ တင်းနစ်အားကစားကွင်း - ထိုင်လျက်​ဘော်လီ​ဘော

ဗဟိုဂျာကာတာ

  • Cempaka Putih Sports Hall - စစ်တုရင်
  • ဂျာကာတာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ခန်းမ- ဂျူဒို

အ​ရှေ့ဂျာကာတာ

  • Jakarta International Velodrome - စက်ဘီးစီး (track)
  • POPKI Sports Hall - ဘီးတပ်ကုလားထိုင် ဓားသိုင်း

​မြောက်ဂျာကာတာ

  • Ecovention Ancol - စားပွဲတင်တင်းနစ်
  • Jaya Ancol Bowling Center - ဘိုလင်း
  • Kulba Kelapa Gading - ဘီးတပ်ကုလားထိုင် တင်းနစ်
  • Tanjung Priok Sports Hall - Boccia

​တောင်ဂျာကာတာ

  • Balai Kartini - Goalball
  • Balai Sudirman - Powerlifting

အ​နောက်ဂျာဗား

Sentul International Circuit - စက်ဘီးစီး (road)

Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၁၈ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အာရှတိုက်၏ အားအင်ဖြစ်သော သဟဇာတဖြစ်ခြင်းနှင့် ပြိုင်ပွဲ၏ အဓိကအားကစားကွင်းဖြစ်သော ဂျီလိုရာ ဘန်ကာနို အားကစားကွင်း၏ အမိုးကို ပုံဖော်ထားသည်။ အထိမ်းအမှတ်တံဆိပ်သည် အာရှတိုက်ရှိ သဘာဝတရားကြီးနှင့် လူ့အသိုက်အဝန်း၏ သဟဇာတဖြစ်မှုနှင့် ညီမျှမှုကို ပြသသည်။ အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပါရှိသော လူပုံစံသည် အားကစားသမား၏ အောင်ပွဲခံနေမှုကို ပုံဖော်ထားသည်။၎င်းကို ဝန်းရံထားသော မျဉ်းကွေး ၃ခုမှာ အာရှနိုင်ငံများ၏ မတူကွဲပြားသော်လည်း စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုသည်။ အထိမ်းအမှတ်တံဆိပ်တွင် အသုံးပြုထားသော အပြာရောင်သည် ကောင်းကင်၊ လိမ္မော်ရောင်သည် နေ၊ အစိမ်းရောင်သည် သဘာဝတရား၊ ခရမ်းရောင်သည် နီးစပ်မှု၊ ပညာနှင့် သစ္စာရှိမှု၊အနီရောင်သည် ကြံ့ခိုင်မှု၏စိတ်ဓာတ်ကို ဖော်ပြသည်။

လာဘ်ကောင်

၂၀၁၈ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ MoMoအမည်ရှိ လင်းယုန်ဖြစ်သည်။MoMoဟူသော အမည်မှာ Motivation နှင့် Mobilityမှ ယူထားခြင်းဖြစ်သည်။၎င်းသည် မြို့တော်ဂျာကာတာနှင့် စိတ်ဓာတ်ခွန်အားကို ကိုယ်စားပြုသည်။

Remove ads

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

၂၀၁၈ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ် အောက်တိုဘာ ၆ရက်နေ့တွင် ဂျာကာတာမြို့ရှိ ဂျီလိုရာ ဘန်ကာနို အားကစားရုံစုအတွင်း တည်ရှိသော ပင်မအားကစားကွင်း၌ ကျင်းပခဲ့သည်။ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

Thumb
ဖွင့်ပွဲအခမ်းအနား

ပိတ်ပွဲအခမ်းအနား

၂၀၁၈ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ် အောက်တိုဘာ ၁၃ရက်နေ့တွင် ဂျာကာတာမြို့ရှိ ဂျီလိုရာ ဘန်ကာနိုအားကစားရုံစု အတွင်း တည်ရှိသော မတ်ရ အားကစားကွင်း၌ ကျင်းပခဲ့သည်။၂၀၂၂ပွဲတော်ကို လက်ခံကျင်းပမည့် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့၏ ဒုတိယမြို့တော်ဝန်က အာရှမသန်စွမ်းအားကစားကော်မတီအလံကို လွှဲပြောင်းရယူခဲ့သည်။

ပါဝင်သည့်နိုင်ငံများ

၂၀၁၈ပွဲတော်တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားသည် အလံတစ်ခုတည်းအောက်မှ ချီတက်ခဲ့ကြသည်။

နောက်ထပ် အချက်အလက်များ NPCs, နိုင်ငံ ...

အားကစားနည်းများ

နောက်ထပ် အချက်အလက်များ အားကစားနည်းများ ...

ဆုတံဆိပ်ဇယား

၂၀၁၈ အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၅၀၇ခု၊ ငွေတံဆိပ် ၄၉၇ခု၊ ကြေးတံဆိပ် ၅၃၇ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၅၄၁ခုတို့ကို ချီးမြှင့်နိုင်ခဲ့သည်။

Key

  *   အိမ်ရှင်နိုင်ငံ

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads