ငတရော်ရွာ၊ ရေစကြိုမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ငတရော်ရွာ (အင်္ဂလိပ်: Ngatayaw)သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၂၂၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ငတရော်ကျေးရွာအုပ်စုတွင် ကျား ၉၆၈ ဦး၊ မ ၁၁၂၅ ဦး၊ လူဦးရေ စုစုပေါင်း ၂၀၉၃ ဦးနေထိုင်သည်။ [၁] ငတမျှော်ရွာကို ရှေးအခါက
- တံငါရပ်
- နန်းတော်ရပ်
- ကုလားရပ်
- ရှမ်းရပ်
တို့ဟူ၍ အမျိုးလေးမျိုးတို့ဖြင် ခေါ်ဆိုခဲ့ကြသည်။
ယခုအခါ၌ ၎င်းရွာကို
- အရှေ့ပိုင်း
- အနောက်ပိုင်း
- တောင်ပိုင်း
- မြောက်ပိုင်း၊
- အလယ်ပိုင်း -တို့အားဖြင့် ခေါ်ဝေါ်လျက် ရှိသည်။
Remove ads
ငတမျှော်ကျေးရွာကို လေ့လာရာ၌ လူမျိုးစုကျေးရွာဟောင်းများကိုလည်း တွေ့ရသည်။ ရွာ၏ အနောက် မြောက်ထောင့်ကို ရှမ်းရွာဟုလည်းကောင်း၊ အနောက်တောင်ထောင့်ကို ကုလားရွာဟုလည်းကောင်း၊ မြောက်ဘက်အရပ်ကို နန်းတော်ရာရပ်ဟုလည်းကောင်း ရှေးအခါက ခေါ်ဝေါ်ဖူးခဲ့ကြသည်။ ငတမျှော်ရွာ၏ ပထဝီအနေအထားမှာ ဧရာဝတီမြစ်နှင့် (၃)မိုင်ခန့် ဝေးပြီး၊ ချင်းတွင်းမြစ်နှင့် (၂)မိုင်ခန့်သာ ဝေးကွားပါသည်။
ငတမျှော်ရွာသည် ပျူစောထီးဘုရင်လက်ထက် ငတမုဆိုးသည် ရွှေသမင်းကိုလိုက်ရာမှ ဝေးကွာသွားသော်အခါ ၎င်းရွာတည်ရာအရပ်ကို မျှော်ကြည့်ခဲ့သောကြောင့် ပျူစောထီးဘုရင်က ငတမျှော်ဟု အမည်ပေးခဲ့သည်။ ၁၉၅၈-ခုနောက်ပိုင်းတွင် ရေစကြိုမြို့ လူကြီးများက ငတမျှော်ကို ငတရော်ဟု အမည်ပြောင်းလဲ ရေးသားခဲ့ကြသည်။ သို့သော်လည်း ရုံးစာများတွင် ငတရော်ဟု ဖြစ်နေပါသော်လည်း ရွာသူ ရွာသားများက ယခုအထိ ငတမျှော်ဟုလည်းကောင်း ငတရော်ဟုလည်းကောင်း သာရေး နာရေး ဘာသာရေး ရုံးစာများတွင် နှစ်မျိုးလုံးကို အသုံးပြုနေကြသည်။
Remove ads
ငတမျှော်ရွာ၏ ရေဆန်ဘက်ခေါ် မြောက်ဘက်အရပ်၌ ရှေးမင်းများ တည်ထားကိုးကွယ်ခဲ့သော စေတီတော် (၉)ဆူရှိသည်။
၎င်း စေတီတော်များမှာ …..
- ကပ်ကျော်ရွှေလုံးတော်စေတီ (သီရိဓမ္မာသောကမင်း၊ ပျူစောထီးမင်း၊ အလောင်းစည်သူမင်း)
- ဖောင်တော်ဦးစေတီ (အလောင်းစည်သူမင်း)
- ရှင်ပင်မိုးကောင်းစေတီ
- နန်းဦးစေတီ
- ရွှေလင်းစဉ်စေတီ
- ပုခက်တိုင်စေတီ
- ဘုရားနီစေတီ
- မင်္ဂလာစတီ (နရသီဟပတေ့မင်း)
- အိမ်တော်ရာစေတီ
တို့ဖြစ်သည်။
ငတမျှော်ရွာသည် ယခင်က ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းရှိခဲ့ဖူးပါသည်။ ၎င်းကျောင်းတို့မှာ-
- ဝါဆိုကျောင်း (ခ)(ရွှေကျောင်းကြီး၊ မြောက်ကျောင်းကြီး)
- အလယ်ကျောင်း၊
- မင်္ဂလာကျောင်း၊
- ရွှေဘုံသာကျောင်း
- ရှစ်မျက်နှာကျောင်း၊
- ရွှေစေတီကျောင်း၊
- ရွာဦး ကျောင်း၊
- ထူပါရုံကျောင်း၊
- ရတနာဘုမ္မိကျောင်း၊
- ရွှေလုံးတော်ကျောင်း
-တို့ဖြစ်သည်။
ယခုအခါ၌ ရွှေစေတီ-စသော ကျောင်း(၅)ကျောင်းများသာရှိတော့၍၊ ဝါဆိုကျောင်း-စသော ကျောင်း(၅) ကျောင်းတို့မှာ မရှိတော့ပါ။
ငတမျှော်ရွာသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်နှစ်မြစ်တို့၏ ကြား၌တည်ရှိသော မြစ်လယ်ကျွန်းဒေသ ဖြစ်သည်အားလျော်စွာ စပါး, ပဲမျိုးစုံ, နှမ်း, ပြောင်းဖူး, နှုတ်, ကြက်သွန်-စသော သီးနှံမျိုးစုံထွက်ရာဒေသ တစ်ခုဖြစ်သည်။
| လူဦးရေစုစုပေါင်း | ၂၁၂၅ |
| အမျိုးသား | ၁၀၀၀ |
| အမျိုးသမီး | ၁၁၂၅ |
| အိမ်ခြေ | ၄၉၁ |
| အိမ်ထောင်စု | ၅၃၃ |
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads