ငွေတောင်ရွာ၊ ဒီးမော့ဆိုမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ငွေတောင်ရွာ(အင်္ဂလိပ်: Ngwetaung)သည် ကယားပြည်နယ်၊ ဒီးမော့ဆိုခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၈၅၀၆ ဖြစ်သည်။ [၁] ငွေတောင်ရွာသည် ဒီးမော့ဆို-လွိုင်ကော်ကားလမ်းဘေးတွင်ရှိပြီး ခရီးသည်များ တထောက်နားတတ်သဖြင့် စည်ကားသောရွာ ဖြစ်သည်။
Remove ads
၂၀၂၁ ဖြစ်စဉ်
၂၀၂၁ ခု၊ မေလ ၂၁ ရက်မှ ဇွန်လ ၁၂ ရက်အကြား ငွေတောင်အခြေစိုက် ခလရ(၁၀၂) နှင့် လှုပ်ရှားစစ်ကူ ခမရ(၄၂၇) တို့က တဘက်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်(ဒီးမော့ဆို) တို့က တဘက် တိုက်ပွဲများဖြစ်ရာ ရွာခံလူတို့ စစ်ရှောင်ရသည်။ [၂] ဇွန်လ လလယ်ပိုင်းတွင် အခြေအနေငြိမ်သက်စပြု၍ ရွာသားအချို့ ပြန်လာသည်တွင် အိမ်များ၊ ဆိုင်များ ပျက်စီးနေသည်ကို တွေ့ရ၏။ [၃] ရွာရှိ အထက်တန်းကျောင်းဝင်း၌လည်း အသတ်ခံရသော ရွာမှမဟုတ်သည့် အရပ်သား ၄ လောင်းကို တွေ့သည်။ [၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads