စံသာအောင် (နိုင်ငံရေးသမား)
From Wikipedia, the free encyclopedia
Remove ads
ဦးစံသာအောင် (၉ အောက်တိုဘာ ၁၉၄၀ မွေးဖွား) သည် မြိုလူမျိုး နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီကို တည်ထောင်သူ ဥက္ကဋ္ဌ ဖြစ်သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
Remove ads
အစောပိုင်းဘဝနှင့် ပညာရေး
ဦးစံသာအောင် ကို မြန်မာသက္ကရာဇ် ၁၃၀၂ ခုနှစ် ဝါကျွတ်လဆန်း (၉) ရက်၊ ခရစ်သက္ကရာဇ် ၁၉၄၀ ပြည့်နှစ်၊ အောက်တိုဘာလ (၉) ရက် ဗုဒ္ဓဟူး နေ့တွင်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာ ၌ အဖ ဦးစံဗြိန်း နှင့် မိခင် ဒေါ်ခင်ဘန်း တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းညီအစ်ကိုမောင်နှမ (၇) ယောက်ရှိသည်။
ဦးစံသာအောင်သည် ငယ်စဉ်အခါက ဘုန်းကြီးကျောင်းတွင် တစ်နှစ် သင်ယူခဲ့ပြီး၊ မာလာကျေးရွာစာသင်ကျောင်း တွင် စတုတ္ထတန်း (၄) တန်းအထိ ပညာသင်ယူခဲ့သည်။ ထို့အပြင် ပဉ္စမတန်း (၅) တန်း နှင့် အဋ္ဌမတန်း (၈) တန်းကို ညောင်ပင်လှ တွင်သင်ယူခဲ့သည်။ ထိုနောက် အထက်တန်းကို ကျောက်တော်မြို့ ၌ ၁၉၆၀ - ၆၁ ခုနှစ်တွင် ဖြေဆိုခဲ့ပြီး ၁၉၆၂ - ၆၃ တွင် တန်းမြင့် ( High School ) ကို (ခ) ဖြင့် အောင်မြင့်ခဲ့သည်။
၁၉၆၃ - ၆၄ တွင် အထက်တန်း (ဆယ်တန်း) စစ်တွေမြို့တွင် ပြန်လည်သင်ယူခဲ့သည်။ ၁၉၆၄ - ၆၅ တွင် စိုက်ပျိုးရေး အထက်တန်းကျောင်း၌ ဆယ်လတာခန့် ပညာသင်ယူခဲ့သည်။ ၁၉၆၆ - ၆၇ ခုနှစ်တွင် မျောက်တောင် အ-မ-က ကျောင်းတွင် လက်ထောက် မူလတန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ - ၇၀ ပြည့်နှစ်တွင် ကျောက်တော်မြို့၊ မြို့သစ် အ-မ-က ကျောင်းတွင် လက်ထောက်ကျောင်းဆရာအဖြစ် တာဝန်ပေးခြင်းခံရသည်။
Remove ads
အိမ်ထောင်ရေး
အသက် (၂၅) နှစ် အရွယ်တွင် ဦးစံသာအောင်သည် ငါးယောက်ကိုင်းရွာသူ ဒေါ်မစော နှင့် ချစ်ကြိုက်ခဲ့ပြီး ၁၉၆၈ ခုနှစ် တွင် သူမနှင့် ဆွေမျိုးသားချင်း မိဘသဘောတူ အိမ်ထောင်ပြုခဲ့ကြပြီး သား (၅) ဦး ထွန်းကားခဲ့သည်။
နိုင်ငံရေး
၁၉၇၀ ပြည့်နှစ်တွင် ကျောက်တော်မြောက်ပိုင်း- ပြည်တော်သာပေါင်းစည်းရေး စားသုံးသူ သမဝါယမအသင်း တွင် အတွင်းရေးမှူးအဖြစ်သော်လည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် အတွင်းရေးမှူးအဖြစ်သော်လည်းကောင်း၊ ၁၉၇၆ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် မြို့နယ်ကောင်စီ ပေါ်ပေါက်လာပြီး ထိုကောင်စီတွင် အလုပ်အမှုဆောင်အဖြစ်လည်းကောင်း စတင်ထမ်းဆောင်ခဲ့သည်။
၁၉၈၀ - ၈၄ တွင် ယင်းကောင်စီ၌ ဒုတိယအကြိမ် အလုပ်အမှုဆောင်အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် အတွင်းရေးမှူးဖြစ် လာပြီး ၁၉၈၈ ခုနှစ်အထိထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကျောက်တော် ၊ ပလဝ အစရှိသောနေရာများတွင် ကာကွယ်ရေး အဖွဲ့ ဖွဲ့ရန် ဆရာတော် ဦးဝီသုဒ ၏ ဖိတ်ခေါ်မှုဖြင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပြီးနောက်တွင် ကာကွယ်ရေး အဖွဲ့ ဖွဲ့ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာ (၁၄) ရက်၊ ပေါက်တောမြို့နယ်၊ ရေညင်းချောင်းရွာတွင် ပါတီဖွဲ့ရန် အစည်းဝေးပြုလုပ်ခဲ့သည်။
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးပါတီအဖြစ် တရားကြေညာပြီး ဥက္ကဋ္ဌ နေရာတွင် ဦးစံသာအောင်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု မဲဆန္ဒနယ် (၅) နေရာ ဝင်ရောင်ယှဉ်ပြိုင်ခဲ့ရာ ကျောက်တော်မဲဆန္ဒရှင်နယ်မှ ဦးစံသာအောင်က သူရဗိုလ်ချုပ်စောဖြူ (လေတပ်) နှင့် ဦးသာထွန်းတို့ ကို အနိုင်ရရှိခဲ့သည်။
၁၉၉၂ ခုနှစ် ဇူလိုင်လလောက်တွင် အကြိုညှိနိုင်းအစည်းအဝေးပြုလုပ်ပြီး ထိုအကြိုအစည်းအဝေးတွင် ဦးစံသာအောင် တက်ရောက်ခဲ့သည်။ ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီ (၉) ရက်နေ့တွင် သမ္မတ အိမ်တော် အစည်းဝေးခန်းမ အလုံလမ်း ပြုလုပ်သော အမျိုးသားညီလာခံသို့ မြို (ခေါ်) ခမိ ပါတီမှ ဦးစံသာအောင် နှင့်တကွ ဗဟိုကော်မတီ (၅) ဦးတက်ရောက်ခဲ့သည်။[၁]
ထို့အပြင် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် နိုင်ငံတော်အခြေခံဥပဒေမှုကြမ်း ရေးဆွဲရေးကော်မရှင်ကို အဖွဲ့ဝင် (၅၄) ဦးဖြင့် ဖွဲ့စည်းရာတွင်ပါဝင်ခဲ့သည်။[၁] ၂၀၀၈ အခြေခံဖွဲ့စည်းပုံရေးဆွဲရာတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မြို(ခေါ်) ခမိ ပါတီ အမည်ကို မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ အဖြစ်ပြောင်းလဲခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်(၅) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟုဆိုသည်။[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads