မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ
From Wikipedia, the free encyclopedia
Remove ads
မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (အင်္ဂလိပ်: Mro National Development Party; MNDP) သည် ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ဖြစ်သည်။
သမိုင်းကြောင်း
၈၈၈၈ အရေးအခင်း ပြီးနောက်တွင် မြို (ခေါ်) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (Mro or Khami National Solidarity Organisation) ကို ဦးစံသာအောင်မှ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၂ တွင် စတင်တည်ထောင်ခဲ့သည်။[၁] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် လေးနေရာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ[၂] ကျောက်တော်မြို့နယ်တွင် တစ်နေရာ အနိုင်ရခဲ့သည်။[၁]
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီကို ထပ်မံမှတ်ပုံတင်ခဲ့ပြီး[၃] ကိုးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။[၄]
၂၀၁၄ ခုနှစ်တွင် ပါတီကို မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ အဖြစ် အမည်ပြောင်းလဲခဲ့သည်။[၄]
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့တွင် မြို (ခ) ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ပါတီ အား မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ အမည်အဖြစ် ရွေးကောက်ပွဲကော်မရှင်ခွင့်ပြုလိုက်သည်။ [၅]၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမတ်လောင်း ခြောက်ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။[၄]
Remove ads
ပါတီမှတ်ပုံတင်ခြင်း
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်ခွင့်ပြုရန်အတွက် နစကအသစ်ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည် လျှောက်ထားခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် မှတ်ပုံတင်အမှတ် (၃၂) ဖြင့် ခွင့်ပြုခဲ့သည်။[၆]
ပါတီပျက်သိမ်းခြင်း
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ မြို့ပေါ်တွင် ရုံးဖွင့်လှစ်ရန်အဆင်မပြေ၍ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီကို ၂၂ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်လည် ဖျက်သိမ်းလိုက်သည်။ [၇]
Remove ads
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
အမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်
ပြည်နယ်လွှတ်တော်
တိုင်းရင်းသားရေးရာ ဝန်ကြီးများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads