ဆင်စွယ်ရွာ၊ ထီးလင်းမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ဆင်စွယ်ရွာ (အင်္ဂလိပ်: Sinswei)သည် မကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ထီးလင်းမြို့နယ်ဆင်စွယ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၂၉၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆင်စွယ်ကျေးရွာအုပ်စုတွင် ကျား ၄၁၄ ဦး၊ မ ၄၆၂ ဦး၊ လူဦးရေ စုစုပေါင်း ၈၇၆ ဦးနေထိုင်သည်။ []

အချက်တိုများ ဆင်စွယ်, ဆင်စွယ်ရွာ ...
Remove ads

သမိုင်းဖြစ်ရပ်ဆိုး

ရွာရှိ ပြည်သူ့စစ်များက ဗမာပြည်ကွန်မြူနစ်ပါတီ (အလံနီ) မှ ဆေးမှူး ခင်မောင်ဇင်ကို ဖမ်းမိပြီးနောက် စစ်မေးကာ သတ်သည်။ အလံနီတို့က တရားခံစာရင်းပေးရန် ရွာသို့ ရာဇသံပေးသည်။ ပြန်ကြားချက်မရသည့်အတွက် ၁၉၆၀ ပြည့်၊ ဧပြီလ ၇ ရက်တွင် ဗိုလ်ချုပ် လေးမျိုးဆွေ၊ တပ်မှူး ရဲနီစောနောင်တို့ ဦးစီးကာ အင်အား ၂၀၀ ဖြင့် ရွာသို့ ချီတက်သည်။ ရဲနီမြင့်ဦးနှင့် ရဲနီထွန်းကြည်က စစ်တပ်မှ တပ်သားများအသွင် ဟန်ဆောင်ကာ ရွာသို့ဝင်သည်။ ထိန်းချုပ်မှုရသည်နောက် အခြားသူများ ဝင်သည်။ တအိမ်တယောက် ထမ်းပိုးနှင့်ကြိုးယူကာ ထွက်ခိုင်း၏။ မထွက်ကြသဖြင့် ရဲနီမြင့်ဦးက သူကြီးကို ရိုက်ပြသည်။ လူများထွက်လာသည်နောက် ရွာတောင်ဘက်ရှိ စာသင်ကျောင်းတွင် အသက်အလိုက် တွဲ၍ကြိုးတုပ်သည်။ အစောပိုင်းတွင် ဓါးဖြင့် ခုတ်သတ်သော်လည်း လက်ညောင်းလာသဖြင့် သေနတ်ဖြင့် ပစ်ရသည်။ ပြီးနောက် ရွာအား မီးရှို့သည်။ စာရင်းအရ ၇၄ ဦး သေ၏။ (အောက်မေ့ဖွယ်ကျောက်တိုင်တွင် ၇၅ ယောက်ဟု ထိုးထားသည်) ယင်းဖြစ်စဉ်ကို အလံနီဌာနချုပ်အား သတင်းပို့စဉ် တပ်မှ ကြားဖြတ်သတင်းရသည်ကို မြဝတီသတင်းစာမှ ထိန်လင်းက ဆောင်းပါးရေး၏။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads