ဆင်မျှောရွာ၊ နောင်ချိုမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ဆင်မျှောရွာ (အင်္ဂလိပ်: Hsinhmyaw)သည် ရှမ်းပြည်နယ် (မြောက်)ကျောက်မဲခရိုင်နောင်ချိုမြို့နယ်လုံဝယ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၆၀၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လုံဝယ်ကျေးရွာအုပ်စုတွင် ကျား ၁၄၈၅ ဦး၊ မ ၁၅၆၃ ဦး၊ လူဦးရေ စုစုပေါင်း ၃၀၄၈ ဦးနေထိုင်သည်။ [] နောင်ချိုမြို့နယ်လူထုက ဆင်ရှောရွာဟု ခေါ်ကြသည်။ ဓနုလူမျိုးများ နေထိုင်သောရွာ ဖြစ်သည်။

အချက်တိုများ ဆင်မျှော, ဆင်မျှောရွာ ...
Remove ads

ထင်ရှားသောနေရာ

ဆင်ရှောရွာ အနီး မြင်းဖြူဘုရားမှာ နောင်ချိုမြို့နယ်အတွင်း လူသိများသည့် ဘုရားတဆူဖြစ်သည်။ မြင်းဖြူဘုရား ကို ဘုရားလောင်း မြင်းဖြူဘဝက ကျင်လည်နေထိုင်ခဲ့သည့် နေရာတွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဘုရားမှကြည့်လျင် နောင်ချိုမြို့နယ် တခုလုံးနီးပါးရှိ ကျေးရွာပေါင်းများစွာကို အပေါ်စီးမှ မြင်နိုင်ပြီး ရှုခင်းကောင်းသဖြင့် ခရီးသွားတို့ အလာများသည့်နေရာဖြစ်သည်။ ဘုရားပွဲကို သင်္ကြန်အပြီး နှစ်ဆန်းတရက်နေ့တွင် ကျင်းပသည်မှာလည်း ထူးခြားချက်တခုဖြစ်သည်။ ဘုရားပွဲကို တရက်သာကျင်းပပြီး စည်ကားသည့်ပွဲတပွဲဖြစ်ပါသည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads