ဆိပ်ခွန်ရွာ၊ ရွှေဘိုမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ဆိပ်ခွန်ရွာ (အင်္ဂလိပ်: Seikkhun)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာအုပ်စု၌ တည်ရှိသည်။[၁] ရွာနေရာကုတ်မှာ ၁၇၁၄၃၉ ဖြစ်သည်။[၂] မဟာစည်ဆရာတော်၏ မွေးရပ်ဇာတိရွာ ဖြစ်သည်။ ဆိပ်ခွန်၊ ဗိုလ်တည်းကုန်း၊ နံ့သာ၊ ဆိပ်သာ ရွာ(၄)ရွာ အုပ်စုဖြစ်သည်။ အိမ်ထောင်စု ၁၉၉၁ စု၊ အိမ် ၁၇၅၁ လုံး၊ လူဦးရေ ၁၀၅၆၇ ဦးရှိသည်။ ဧရိယာအကျယ်အဝန်းမှာ ၂၃၄.၃၄ ဧက ဖြစ်သည်။[၃]
Remove ads
တည်နေရာ
ဆိပ်ခွန်ရွာသည် ရွှေဘိုမြို့မှ အနောက်ဘက် ၇ မိုင်အကွာ၊ မုံရွာမြို့မှ ၆၄ မိုင်ခန့် အကွာ ရွှေဘို–မုံရွာ ကားလမ်းမကြီး၏ ဝဲယာတွင် တည်ရှိသည်။[၃]
စီးပွားရေး
ဆိပ်ခွန်ရွာတွင် စက်ရက်ကန်း၊ ရိုးရာလက်ရက်ကန်းလုပ်ငန်းများ တည်ရှိပြီး ဆိပ်ခွန်လုံချည်သည် ထင်ရှားသော ထွက်ကုန်တစ်ခု ဖြစ်သည်။[၃] သဖန်းဆိပ်ဆည်ရေသောက်၍ မိုးစပါးဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်စပါးလည်း စိုက်ပျိုးထွက်ရှိသည်။
ထင်ရှားသော နေရာများ
အင်ကြင်းတောစေတီ
အင်ကြင်းတောစေတီကို သာသနာတော်နှစ် ၂၂၃၊ ခရစ်နှစ် ၂၄၇ က သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သည်ဟု ရာဇဝင်သမိုင်းကြောင်းက ဆိုသည်။ "အင်ကြင်းတစ်ကိုင်း ပျဉ်းတစ်ကိုင်း" ဆိုသော သမိုင်းကြောင်းရှိသည့် အင်ကြင်းတောစေတီတော်မြတ်ကြီးသည် စေတီရံ ၁၅၈ ဆူနှင့်အတူ ဒေသတွင်း တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သည်။ နှစ်စဉ် တန်ခူးလဆန်း ၁၁ ရက်မှ လပြည့်နေ့အထိ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပပြုလုပ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads