ဆိပ်ဖူးရွာ၊ နောင်ချိုမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ဆိပ်ဖူးရွာ (အင်္ဂလိပ်: Seikhpu)သည် ရှမ်းပြည်နယ် (မြောက်)ကျောက်မဲခရိုင်နောင်ချိုမြို့နယ်ဆိပ်ဖူးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၇၄၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆိပ်ဖူးကျေးရွာအုပ်စုတွင် ကျား ၅၈၅ ဦး၊ မ ၅၈၀ ဦး၊ လူဦးရေ စုစုပေါင်း ၁၁၆၅ ဦးနေထိုင်သည်။ ရှမ်းလူမျိုးများ နေထိုင်သောရွာ ဖြစ်သည်။ []

အချက်တိုများ ဆိပ်ဖူး, ဆိပ်ဖူးရွာ ...
Remove ads

သမိုင်း

နယ်မြေမငြိမ်းချမ်းစဉ်က ဆိပ်ဖူးရွာကို ရွာလုံးကျွတ် ဓားပြတိုက်သည့်ရွာဟု စွတ်စွဲခံရသည်များ ရှိခဲ့ဖူးပါသည်။ အဆိုပါအချိန်များက ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း အုမ္မခါးသစ်တော အတွင်း လမ်းဖြတ်သန်းသည့် နေရာများတွင် ဖြစ်ပွားခဲ့သော လက်သည် မပေါ်သည့် ဓားပြမှု များအတွက် အစွတ်စွဲခံခဲ့ရခြင်းဖြစ်ပါသည်။ ယခုအခါတွင် ထိုဖြစ်ရပ်များ မကြားရတော့ပါ။

ထင်ရှားသောနေရာ

ဆိပ်ဖူးရေပူစမ်း

ဆိပ်ဖူးရွာအနီးရှိ ဆိပ်ဖူးရေပူစမ်း သည် နောင်ချိုမြို့နယ်တွင် လူသိများ ထင်ရှားသည့် အပန်းဖြေနေရာ တခုဖြစ်သည်။ အထူးသဖြင့် ဆောင်းရာသီတွင် လာရောက် ရေပူစိမ် အပန်းဖြေကြသည်။ လာရောက်သူများတွင် နောင်ချိုမြို့နယ်အတွင်းမှသာ မက ရှမ်းပြည်နယ် အခြားနေရာများကိုလည်း တွေ့ရသည်။ နယ်မြေ အေးချမ်းလာပါက ခရီးသွားလုပ်ငန်း အတွက် အလွန် အလားအလာကောင်းသော ရွာဖြစ်ပါသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads