ဇင်ဝိုင်း

မြန်မာသရုပ်ဆောင် From Wikipedia, the free encyclopedia

ဇင်ဝိုင်း
Remove ads

ဇင်ဝိုင်းသည် အကယ်ဒမီနှစ်ဆုရ မြန်မာရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ဥက္ကဋ္ဌအဖြစ် နှစ်ကြိမ်တိုင် ဆောင်ရွက်ခဲ့သည်။

အချက်တိုများ ဇင်ဝိုင်း, မွေးဖွား ...
Remove ads

အနုပညာလမ်းခရီး

အသက် ၁၄ နှစ်အရွယ်၊ ၁၉၇၃ ခုနှစ်တွင် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။[] ၁၉၈၁ ခုနှစ်တွင် ရုံတင်သည့် သံယောဇဉ်ဆိုတာရှိတယ် ရုပ်ရှင်တွင် ပွဲဦးထွက်အဖြစ် မို့မို့မြင့်အောင်နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။[] ဒါရိုက်တာ မောင်တင်ဦးထံတွင် ခုနစ်နှစ်ခန့် ရုပ်ရှင်ပညာကို သင်ယူခဲ့ပြီး၊[] မောင်တင်ဦး၏ ၁၉၈၄ ရုပ်ရှင် သင်္ကြန်မိုးတွင် သက်ထွေးအဖြစ် ပါဝင်သရုပ်ဆောင်ရာမှ[] လူကြိုက်များလာခဲ့သည်။[] ၁၉၉၁ ခုနှစ်၊ ဒဏ္ဍာရီရုပ်ရှင်တွင် မေသန်းနုနှင့်တွဲဖက်၍ အဓိကဇာတ်ဆောင်အဖြစ် ပထမဆုံး ရိုက်ကူးခဲ့သည်။[] ၁၉၉၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် မြင့်မြတ်နှလုံးသားရုပ်ရှင်ဖြင့် ပထမအကြိမ် အကယ်ဒမီဆုကို ရရှိခဲ့သည်။[]

ရုပ်ရှင်အစည်းအရုံးကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ပြဋ္ဌာန်းပြီးနောက်၊ ၂၀၁၂ ခုနှစ် ဧပြီလတွင် အမှုဆောင်အဖွဲ့ဝင်ရွေးချယ်ရာ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရသည်။[] ၂၀၁၄ ခုနှစ်တွင် ကျန်းမာရေးအခြေအနေကြောင့် သက်တမ်းမပြည့်မီ နုတ်ထွက်ခဲ့သည်။[] မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်တွင် လေးနှစ်ကြာကျင်းပပြီးမှ[] ၂၀၁၁ ခုနှစ်အတွက် အခမ်းအနားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်ခဲ့သည်။[] ၂၀၁၂ ခုနှစ်တွင်[] ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွဲ့စည်းပေးသည့်[] အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့တွင် မင်းထင်ကိုကိုကြီးဝိုင်းထွန်းအိန္ဒြာဗို၊ ဒေါက်တာအိအိခိုင်၊ ဇာဂနာလူမင်းတို့နှင့်အတူ[၁၀] ပါဝင်ခဲ့သည်။[၁၁]

၂၀၁၄ ခုနှစ်တွင် ပြေတီဦးမိုးဟေကိုဝတ်မှုန်ရွှေရည်တို့နှင့်အတူ နှလုံးသားဖြင့်ပြုလုပ်သည် ရုပ်ရှင်တွင် ပါဝင်ခဲ့ပြီး ဒုတိယမြောက် အကယ်ဒမီဆုကို ရရှိခဲ့သည်။[၁၂][၁၃][၁၄] ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် မြန်မာ့ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရာ ထပ်မံရွေးချယ်ခံရသည်။[၁၅]

မြန်မာစစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် နေအိမ်၌ ဖမ်းဆီးခံရသည်။[၁၆] ဇွန်လ ၇ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း အောက်တိုဘာလအတွင်း ပြန်လည်ဖမ်းဆီးခံရသည်။[၁၇][၁၈]

Remove ads

ကိုယ်ပိုင်ဘဝ

ဇင်ဝိုင်းကို အငြိမ်းစား ဗိုလ်ချုပ်စိန်လွင်နှင့် ဇနီး ဒေါ်ရီရီရှိန်တို့က ဖွားမြင်သည်။ မွေးချင်းငါးယောက်အနက် စတုတ္ထမြောက်သားဖြစ်ပြီး၊ အမည်ရင်းမှာ ဦးဌေးလွင်ဖြစ်သည်။ ဒေါ်ခင်နွဲ့နွဲ့ထွန်းနှင့် လက်ထပ်ခဲ့ပြီး၊ ကြည်သာဌေးလွင်နှင့် ကျော်ကျော်ဌေးလွင်ဟူသော သားနှစ်ယောက်ထွန်းကားသည်။[၁၉] ကျော်ကျော်ဌေးလွင်မှာ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းပင် ဖြစ်သည်။

ဆုများနှင့် ဆန်ခါတင်စာရင်း

နောက်ထပ် အချက်အလက်များ Year, Award ...

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads