ဇီးဖြူပင်ရွာ၊ စလင်းမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ဇီးဖြူပင်ရွာ (အင်္ဂလိပ်: Zeehpyupin)သည် မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်စလင်းမြို့နယ်ဇီးဖြူပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၆၇၇၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဇီးဖြူပင်ကျေးရွာအုပ်စုတွင် ကျား ၃၇၁၅ ဦး၊ မ ၄၆၈၈ ဦး၊ လူဦးရေ စုစုပေါင်း ၈၄၀၃ ဦးနေထိုင်သည်။ []

အချက်တိုများ ဇီးဖြူပင်, ဇီးဖြူပင်ရွာ ...

ဆိပ်ဖြူ-စလင်း ပြည်ထောင်စုလမ်းမကြီး အရှေ့ဘက်ဘေးတွင် ကပ်လျက်တည်ရှိသောရွာကြီးဖြစ်သည်။ လမ်းမကြီးဘေးတွင် အထက်တန်းကျောင်း နှင့် ကျေးလက်ကျန်းမာရေးဌာနများရှိသည်။ ရွာလယ်တွင် ရွှေဘုံသာစေတီတော် နှင့် နှစ်ကျိတ်ရှစ်ဆူဘုရားများ ဂန္ဓကုဋီတိုက် ရှိပြီ နှစ်စဉ်ဗုဒ္ဓပူဇနိယပူဇော်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပါသည်။ ရွာ‌မြောက်ဘက် နှင့် အရှေ့တောင်ဘက်တို့တွင် ဘုန်း‌တော်ကြီး‌ကျောင်းတိုက်များရှိသည်။ ရွာအရှေ့ဘက်တွင် ဧရာဝတီမြစ်ရေကြီးချိန်တွင် ရေပြည့်လျှံ ‌လေ့ရှိသော အင်းကြီးရှိသည်။ မြစ်ရေ မကြီးသော အချိန်များတွင် အင်း နေရာမှာ ကိုင်းစိုက်ခင်းများဖြစ်သည်။ ကျေးရွာ အားကစားကွင်းမှာ အထက်တန်းကျောင်း မြောက်ဘက် အထက်တန်းကျောင်းနှင့် မြောက်ကျောင်းကြီးအကြား လမ်းမကြီးဘေးတွွွွွွင်ရှိ၍ ဘောလုံးအားကစားကို အဓိက ကစားကြသော နေရာဖြစ်သည်။ အထက်တန်းကျောင်းမှာ ယခင် အလယ်တန်းကျောင်းကို အဆင့် တိုးမြှင့်ထားခြင်းဖြစ်သည်။ ယခင် အလယ်တန်းကျောင်းမှာ ယခု အထက်တန်းကျောင်း နေရာတွင် မဟုတ်ပဲ ရွာလယ် ရွှေဘုံသာမြတ်စွာဘုရား အရှေ့ဘက်၊ ဘုရား နှင့် အင်း အကြား အင်းနှုတ်ခမ်းတွင်ရှိသည်။ ရွာ‌တောင်ဘက်တွင် နတ်တပ် (နဒပ်) ရွာရှိ၍ ရွာနှစ်ရွာမှာ တစ်ဆက်တစ်စပ်တည်း ဖြစ်သည်။ ရွာ သုဿန်မှာ ကားလမ်းမကြီး၏ အနောက်ဘက် ယာခင်းများထဲတွင် ရှိသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads