တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့၊ တံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်မှုများ

တပ်မတော်သားများကို ချီးမြှင့်သည့် စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဆုတံဆိပ်များ From Wikipedia, the free encyclopedia

တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့၊ တံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်မှုများ
Remove ads

အမျိုးမျိုးသော စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုချီးမြှင့်မှုများဖြစ်သည့် ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များ၊ ဆုတံဆိပ်များ၊ တာဝန်ချိန်တပ်ဆင်ရသည့် ဖဲကြိုးတိုများ၊ ဆားဗစ်တန်းများနှင့် အထူးစစ်မှုထမ်းတံဆိပ်များသည် စစ်မှုထမ်း တပ်မတော်သားများ၏[မှတ်စု ၁] စစ်ရေးတာဝန်ကျေပွန်မှု၊ တစ်ဦးတစ်ယောက်ချင်းစီ၏ အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေး နှင့် ရည်မှန်းချက်တာဝန် ပြီးမြောက်အောင် ထမ်းဆောင်မှုတို့အပေါ် အသိအမှတ်ပြုသောအားဖြင့် ချီးမြှင့်ပေးအပ်ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းစစ်ဘက်ဆိုင်ရာဆုတံဆိပ်များသည် သက်ဆိုင်ရာလူပုဂ္ဂိုလ်၏ ဖြတ်သန်းခဲ့သော စစ်မှုထမ်းဘဝကိုလည်း ထင်ဟပ်စွာ ပြသပေးသည်။

Thumb
ဆုတံဆိပ်နှင့် အဆောင်အယောင်တံဆိပ်များ တပ်ဆင်ထားသော ရေတပ်၊ လေတပ်နှင့် ကြည်းတပ် (ဝဲမှယာ) တို့မှ တပ်မတော်အရာရှိကြီး သုံးဦး
Remove ads

ချီးမြှင့်လျက်ရှိသည့် တံဆိပ်များ

နိုင်ငံတော်မှ ချီးမြှင့်ရန် ပြဋ္ဌာန်းထားသော တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်များကို အမျိုးအစား (၃)မျိုးခွဲခြားနိုင်သည်[]

  1. စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့များ
  2. စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်များ
  3. စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ


အထက်ပါ နိုင်ငံတော်မှချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များအပြင် ကကန ကောင်စီ အထူးအမိန့်ဖြင့်ထုတ်ပြန်ချီးမြှင့်သော တပ်မတော်ဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များလည်းရှိ၏။ ၎င်းတို့ကိုလည်း ယေဘူယျအားဖြင့် (၇)မျိုး ခွဲခြားနိုင်သည်[]

  1. ဦးစီးကွပ်ကဲမှုတံဆိပ်များ
  2. အဆင့်လိုက် ဂုဏ်ထူးဆောင်တံဆိပ်များ
  3. နိုင်ငံခြားဧည့်သည်များကို လက်ဆောင်အဖြစ်ပေးအပ်သော တံဆိပ်များ
  4. ဂုဏ်ထူးဆောင်အမှုထမ်းတံဆိပ်များ
  5. စစ်ပွဲ / တိုက်ပွဲတံဆိပ်များ
  6. သင်တန်းဆိုင်ရာ တံဆိပ်များ
  7. စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်လက်မှတ်များ


နောက်ထပ် အချက်အလက်များ ဆားဗစ်တန်း ဖဲကြိုးတို / ဆုတံဆိပ်အမည် ...


Remove ads

ဆက်လက်ချီးမြှင့်ခြင်း မရှိတော့သည့် တံဆိပ်များ

နောက်ထပ် အချက်အလက်များ ဆားဗစ်တန်း ဖဲကြိုးတို / ဆုတံဆိပ်အမည် ...
Remove ads

ရှင်းလင်းချက်မှတ်စုများ

  1. အမျိုးသမီးစစ်မှုထမ်းများအပါ တပ်မတော်တွင်တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်းအားလုံးကို ဆိုလိုသည်။

နောက်ထပ််ဖတ်ရှုရန်

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads