တရားရုံးချုပ်ဟောင်း (ရန်ကုန်)
From Wikipedia, the free encyclopedia
Remove ads
ရန်ကုန်မြို့ရှိ ယခင်တရားရုံးချုပ် အဆောက်အအုံသည် ကိုလိုနီခေတ်ပြယုဂ် ဗိသုကာ အဆောက်အအုံဖြစ်ပြီး အမှတ် ၈၉/၁၃၃ ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းကြား ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့လယ်တွင် တည်ရှိသည်။ [၁]
၂၀၀၆ ခုနှစ် မတိုင်မီထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ထို တရားရုံးချုပ်အဆောက်အအုံဝင်းအတွင်းတည်ရှိသည်။
တရားရုံးချုပ်အဆောက်အအုံကို ဗိသုကာပညာရှင် James Ransome မှ ဒီဇိုင်းဆွဲခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ကာ ၁၉၁၁ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ [၂][၃]ထိုအဆောက်အအုံသည် ဗြိတိသျှ အန်းနီဘုရင်မခေတ် ဗိသုကာလက်ရာ ပုံစံဖြစ်ပြီး နာရီစင်ပါဝင်ကာ အုတ်နီများဖြင့် အဆောက်အအုံကို တည်ဆောက်ထားသည်။
တရားရုံးချုပ်ဟောင်း အဆောက်အအုံသည် ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများစာရင်းတွင် ပါဝင်ပြီး မြို့တော်ခန်းမအနီး လွတ်လပ်ရေးကျောက်တိုင်နှင့် မဟာဗန္ဓုလ ပန်းခြံတို့၏ မျက်နှာချင်းဆိုင်တွင်တည်ရှိသည်။
Remove ads
အဆောက်အအုံ မြင်ကွင်းကျယ်
ဓာတ်ပုံပြခန်း
မှတ်စု
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads