တောင်ဥက္ကလာပမြို့နယ်

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် From Wikipedia, the free encyclopedia

တောင်ဥက္ကလာပမြို့နယ်map
Remove ads

တောင်ဥက္ကလာပမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ တောင်ဥက္ကလာပမြို့နယ်၏ မြောက်ဘက်တွင် မြောက်‌ဥက္ကလာပမြို့နယ်၊ အရှေ့ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနောက်ဘက်တွင် ရန်ကင်းမြို့နယ်နှင့် တောင်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်တို့ တည်ရှိသည်။ တောင်ဥက္ကလာပမြို့နယ်ကို ရပ်ကွက်ပေါင်း (၁၆)ခုဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်သည် (၁၉၅၉)ခုနှစ်တွင် အိမ်စောင့်အစိုးရလက်ထက် တည်ထောင်ခဲ့သော မြို့သစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခုအခါတွင် ဤမြို့နယ်မှာ ရန်ကုန်မြို့၏ အခြေကျသော မြို့အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ သို့သော်ငြားလည်း လျှပ်စစ်အားနှင့် မိလ္လာစနစ်များမှာ မြို့နှင့် ဆက်သွယ်ထားခြင်း မရှိသေးပေ။

အချက်တိုများ တောင်ဥက္ကလာပမြို့နယ်, Country ...

အစိုးရ မူလတန်းကျောင်း (၃၂) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။

အထူးကုဆေးရုံကြီးတစ်ရုံဖြစ်သော တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှာလည်း ဤမြို့နယ်တွင် တည်ရှိသည်။

ဥက္ကလာပစေတီတော်မြတ်လည်း တောင်ဥက္ကလာပမြို့နယ်တွင် တည်ရှိသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads