တောင်းရှည်ရွာ၊ မြိတ်မြို့နယ်
From Wikipedia, the free encyclopedia
Remove ads
တောင်းရှည်ကျေးရွာ(အင်္ဂလိပ်: Taungshey)သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တောင်းရှည်ကျေးရွာအုပ်စု (Taung Shey)၌ တည်ရှိသည်။ ကျောက်ဖျာမြစ်နဘေးတွင်တည်ရှိပါသည်။ ရွာနေရာကုတ်မှာ 177533 ဖြစ်သည်။ တောင်းရှည်ကျေးရွာအုပ်စု တစုလုံးတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၆၀၉ ရှိပြီး၊ လူဦးရေစုစုပေါင်း ၂၉၁၄ ဦး ရှိသည်။[၁][၂]
အထက (တောင်ရှည်)ကို မြေ ၈ ဧက ပေါ် တည်ဆောက်ထားကာ၊ ဆရာ/မ ၃၉ဦး၊ ကျောင်းသား/သူ ၆၀၀ နီးပါး ရှိသည်။ တောင်းရှည် ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။
တောင်ရှည်ကျေးရွာအုပ်စုတွင် တောင်ရှည်ရွာ၊ တောင်ညိုရွာ၊ ပြင်းတောင်ရွာ၊ တောင်ယာထဲရွာ နှင့် တပ်တောင်ရွာ တို့ဖြင့် ဖွဲ့စည်းထားသည်။ ကျေးရွာအုပ်စုတွင် ဘုန်းကြီးကျောင်း ၆ ကျောင်း၊ ဗလီ ၂ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲဆေးပေးခန်း ၁ ခု တို့ ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads