တောဝိရွာသစ်ရွာ၊ ညောင်လေးပင်မြို့နယ်

From Wikipedia, the free encyclopedia

Remove ads

တောဝိရွာသစ်ရွာ (အင်္ဂလိပ်: Tawwiywarthit)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)ပဲခူးခရိုင်ညောင်လေးပင်မြို့နယ်တော်ဝိကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၉၅၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တော်ဝိကျေးရွာအုပ်စုတွင် ကျား ၁၅၄၁ ဦး၊ မ ၁၉၀၁ ဦး၊ လူဦးရေ စုစုပေါင်း ၃၄၄၂ ဦးနေထိုင်သည်။ []

အချက်တိုများ တောဝိရွာသစ်, တောဝိရွာသစ်ရွာ ...

မွန်အမည် တဝ်ဝိ (အသံထွက် တော်ဝိ)မှ ဆင်းသက်လာပြီး တော်မှာ ကုန်းကမူ၊ ဝိမှာ ရေသဖန်းပင် ဖြစ်ရာ ရေသဖန်းပင်ကုန်းဟု အဓိပ္ပာယ်ရသည်။ ညောင်လေးပင်မြို့ မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိကာ ရန်ကုန်မန္တလေးမီးရထားလမ်းသည် တော်ဝိရွာကို ဖြတ်သန်းသည်။ မီးရထားဌာနမှတ်တမ်းများအရ နိုင်ငံတွင် ပထမဆုံးသော မီးရထားချင်းတိုက်မှု မှာ ပိန်းဇလုပ်နှင့် တော်ဝိ ဘူတာအကြား ဖြစ်ပွားခဲ့သည်။ တော်ဝိရွာ အနောက်တောင်ဘက်တွင် ဟံသာဝတီ ၃၂ မြို့အဝင် မင်းရဲလှ မြို့ဟောင်း တည်ရှိသည်။[] တော်ဝိရွာတွင် ရပ်ကွက်ကြီး ၆ ခု ရှိပြီး ရက်ကွက်များမှာ ရွာမရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်၊ ရွာသစ် ၁ရက်ကွက်၊ ရွာသစ်၂ ရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ ကြံတောပိုင်း(ပြည်တော်အေး)ရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက် တို့ဖြစ်သည်။

ထို့အပြင် စစ်ကုလားတန်း၊ ဘိုးဘိုးပိုင်း၊ အညာစု၊ ဂုဏ်မေကြည်ရပ်ကွက် ဟူ၍ ရပ်ကွက်ငယ် ၄ ခုလည်းရှိသည်။

ရွာအတွင်းရှိ့ဘုန်းကြီးကျောင်းများမှာ (၁)ဓမ္မမေဒိနီကျောင်း (၂)ကျောင်းကြီးကျောင်း (၃) (မဟာစည်)ဝေဇယန္တာဓမ္မရိပ်သာကျောင်း (၄) မစိုးရိမ်ကျောင်း (၅) ဘုရားကြီးကျောင်း (၆) တဝဂူကျောင်း တို့ဖြစ်သည်။ ထို့အပြင်တော်ဝိရွာ ၏အနောက် တောင်ဘက် မင်းရဲလှခေါ် ရဲမွန်လှ မြို့ဟောင်းနေရာတွင် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ် ၃၀၃ တည်ရှိရာ မိုးကုတ်ဓမ္မရိပ်သာကျောင်း တည်ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads