ဒဂုံမြို့သစ်ခရိုင်
From Wikipedia, the free encyclopedia
Remove ads
ဒဂုံမြို့သစ်ခရိုင် (အင်္ဂလိပ်: Dagon Myothit District)သည် ရန်ကုန်တိုင်းဒေသကြီး တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လက်အောက်တွင် ပါဝင်သည်။ ၂၀၂၂ခုနှစ် ဧပြီလတွင်မှ အသစ်ထပ်မံဖွဲ့စည်းခဲ့သော ခရိုင်တစ်ခုဖြစ်သည်။
Remove ads
ပါဝင်သောမြို့နယ်များ
ဒဂုံမြို့သစ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[၁]

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်
Remove ads
သမိုင်းကြောင်း
၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် မူလခရိုင် (၇၅)ခရိုင်အပြင် ခရိုင်အသစ် (၄၆)ခရိုင်ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။[၂] ယခင်က ရန်ကုန်အရှေ့ပိုင်းခရိုင် ရှိ မြို့နယ်များဖြစ်သော ဒဂုံမြို့သစ် အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်များကို ခွဲထုတ်ကာ ဒဂုံမြို့သစ်ခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads