ဒေါင်ကြီးရွာ၊ တန့်ဆည်မြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ဒေါင်ကြီးရွာ (အင်္ဂလိပ်: Daunggyi)သည် စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တန့်ဆည်မြို့နယ်ဒေါင်ကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၆၇၄ ဖြစ်သည်။[] အရှေ့ဘက်တွင် အင်္ကုက္ကားရွာ၊ တောင်ဘက်တွင် ချောင်းဦးရွာ၊ မြောက်ဘက်တွင် ရွှံအိုင်ရွာ အနောက်ဘက်တွင် အိုင်လျားရွာတို့တည်ရှိသည်။ ဒေါင့်ကြီးကျေးရွာအုပ်စုတွင် ဒေါင့်ကြီး၊ ညောင်ကုန်း၊ ဇီးဖြူကုန်း၊ တမည်းတော ကျေးရွာ (၄) ခုရှိသည်။ ကင်းတပ် လက်ယာမြောင်းမတော် အနောက်ဘက်တွင် တည်ရှိသည်။ ကျေးရွာအုပ်စုတစ်ခုလုံး အိမ်ခြေ ၈၀၀ ခန့် ရှိသည်။ အဓိက စီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ စပါး၊ မြေပဲ၊ ပြောင်း နှင့် အခြားပဲမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသည်။ မြန်မာ့သမိုင်းတွင် မထင်ရှားခဲ့သော နယ်ချဲ့တော်လှန်ရေး ခေါင်းဆောင်များ ပေါ်ထွက်ခဲ့သည်။ သူ့အမည်မှာ ဗိုလ်မြ ဖြစ်သည်။ တပ်မတော် တွင် သူရ/သီဟသူရဘွဲ့ (၂) ခု ရရှိခဲ့သော ဗိုလ်ချုပ် သူရ သီဟသူရ စစ်မောင် သည်လည်း ဒေါင့်ကြီးရွာ ဇာတိဖြစ်သည်။

အချက်တိုများ ဒေါင်ကြီး ဒေါင့်ကြီး, ဒေါင်ကြီးရွာ ...


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads