နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီး (ရန်ကုန်)

From Wikipedia, the free encyclopedia

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီး (ရန်ကုန်)map
Remove ads

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီး (အင်္ဂလိပ်: Otorhinolaryngology - Head & Neck Surgery Specialist Hospital; ယခင် နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီး) သည် ရန်ကုန်မြို့မြန်မာနိုင်ငံ တွင် တည်ရှိသည်။ အများပြည်သူနှင့်ဆိုင်သည့် အထူကုးဆေးရုံ တစ်ခု ဖြစ်သည်။ ဗညားဒလလမ်းနှင့် ဗျိုင်းရေအိုးစင်လမ်းထောင့်၊ တာမွေမြို့နယ်တွင် တည်ရှိပြီး ကုတင် (၁၅၀)ဆေးရုံဖြစ်သည်။

အချက်တိုများ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီး, ပထဝီဝင်ဆိုင်ရာ ...
Remove ads

သမိုင်းကြောင်း

ပထမဆုံး နား၊ နှာခေါင်းနှင့်လည်ချောင်း ဆေးရုံကြီးကို ၁၉၆၅ မှ ၁၉၉၀ အထိ အမှတ် (၆၇)၊ အလံပြဘုရားလမ်းတွင် (မျက်စိနှင့်တွဲလျက်) စတင်ဖွင့်လှစ်ခဲ့သည်။ ဒုတိယ အကြိမ် နတ်မောက်လမ်း ကန်တော်ကြီး ဆေးရုံကြီးသို့ ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိပြောင်းရွှေ့ခဲ့သည်။ ယခုအခါ ဗညားဒလလမ်း၊ တာမွေမြို့နယ်တွင် ၂၀၀၀ ခုနှစ်မှ ယနေ့အထိ ဖွင့်လှစ်ထားရှိသည်။

ပြင်ပလူနာဌာန

ပြင်ပလူနာ ဌာနကို နိုင်ငံတော်အစိုးရရုံးပိတ်ရက်များမှ အပ တနင်္လာနေ့မှ သောကြာနေ့အထိဖွင့်လှစ်ထားပြီး ယူနစ် (၅)ခုမှ တစ်ရက်စီတာဝန်ယူကုသပေးသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁)ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ လာရောက်ကုသသူ လူနာ (၅၈၇၃၈) ဦးရှိပြီး နေ့စဉ်ပျှမ်းမျှလူနာ (၂၃၉) ဦးခန့်ကုသမှု ခံယူခဲ့သည်။

အရေးပေါ်လူနာဌာန

၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁)ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ (၈၅၅၇)ယောက် ကုသမှုခံယူခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads