နောင်မွန်းမြို့
From Wikipedia, the free encyclopedia
Remove ads
နောင်မွန်းမြို့သည် မလိခမြစ်ဖျားတွင်တည်ရှိပြီး ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ပါဝင်သည်။
စတင် ဖြစ်ပေါ်လာပုံ
နောင်မွန်း ဟူသောအမည်သည် ရဝမ်ဘာသာစကား လုံမှန် မှလည်းကောင်း၊ ခန္တီးဘာသာစကား နောက်မွန် မှလည်းကောင်း ဆင်းသက်လာသည်ဟု ဆိုသည်။ ရဝမ်ဘာသာဖြင့် လုံ = ကျောက်၊ မုန် = ဖြူသည် ဟု အဓိပ္ပာယ်ရသဖြင့် ကျောက်ဖြူရှိသောအရပ် ဟု ဆိုနိုင်သည်။ ခန္တီးဘာသာဖြင့် နောက် = အပြင်၊ မွန်း = နေပြည်တော်မြို့ (စော်ဘွားနေရာ) ဟု အဓိပ္ပာယ်ရသဖြင့် နေပြည်တော်ပြင်ပမြို့ ဟု ဆိုနိုင်သည်။ [၂]
၁၉၁၁ ခုနှစ်တွင် အင်္ဂလိပ်တို့ ပူတာအို ရောက်လာပြီးနောက် အုပ်ချုပ်ရေးယန္တရား စတင်သည်။ ၁၉၁၃ ခုနှစ်တွင် တောင်အုပ်ထား၍ နောင်မွန်းအား အုပ်ချုပ်သည်။ ၁၉၅၈ ခုနှစ်တွင် နောင်မွန်းအား မြို့နယ်အဖြစ်သတ်မှတ်ကာ နယ်ခြားဝန်ထောက်ရုံးနှင့် မြို့ပိုင်ရုံးကို စဖွင့်သည်။ ၁၉၆၅ ခုနှစ်၊ စက်တင်ဘာ (၃) ရက်တွင် နယ်ခြားဒေသအုပ်ချုပ်ရေးကို ရုပ်သိမ်းလိုက်သည်။ [၂]

Remove ads
နေထိုင်သည့် လူမျိုးများ
ခရစ်နှစ် ၆၀၀ ခန့်တွင် တိဘက်မြန်မာအနွယ်များ ဆင်းလာကာ မခွမ်ဒမ်းတွင် နေကြသည်။ အချို့က မဲခေါင်မြစ်ကြောင်းအတိုင်း ဆက်ဆင်းလာရာ ယခု နောင်မွန်းမြို့ဝန်းကျင်သို့ ရောက်လာသည်။ ၎င်းတို့က ရဝမ်လူမျိုးဖြစ်လာပြီး လူဦးရေတိုးပွားကာ နှစ် (၉၀၀) ဝန်းကျင်တွင် သံနှင့် ဘော်များ တူးဖော်သွန်းလုပ်နိုင်လာသည်။ နောင်မွန်း မြေပြန့်တွင် လူထူထပ်ပြီး သဘာဝအန္တရာယ်များပြားလာသောအခါ ပတ်ဝန်းကျင်ရှိ တောင်ပေါ်ဒေသများ၌ ပြောင်းရွေ့အခြေချကြရာ ယနေ့တိုင်ပင် ဖြစ်သည်။ [၂]
Remove ads
ထင်ရှားသည့် နေရာများ

နောင်မွန်းမြို့နယ်တွင် ခါကာဘိုရာဇီ တောင်ထွတ် (၁၉၂၉၆ ပေ) နှင့် ဂမ်လန်ရာဇီ တောင်ထွတ် (၁၉၁၄၂ ပေ) တို့ ရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads