နွယ်တမယ်ရွာ၊ စလင်းမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

နွယ်တမယ်ရွာ (အင်္ဂလိပ်: Nwetamei) သည် မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်စလင်းမြို့နယ်နွယ်တမယ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၆၅၅၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နွယ်တမယ်ကျေးရွာအုပ်စုတွင် ကျား ၈၉၀ ဦး၊ မ ၁၁၃၅ ဦး၊ လူဦးရေ စုစုပေါင်း ၂၀၂၅ ဦးနေထိုင်သည်။ []

အချက်တိုများ နွယ်တမယ်, နွယ်တမယ်ရွာ ...
Remove ads

သမိုင်း အကျဉ်း

နွယ်တမယ်ရွာကို ညောင်ရမ်းခေတ်ဦး အနောက်ဘက်လွန်မင်း လက်ထက်မှ စပြီးတည်ထောင်ခဲ့သည်။ မြောင်းတူးသည့် ရှမ်းညီနောင် အဲနွယ်ကြီး၊ အဲနွယ်လေး တို့မှ အစပြု၍ နွယ်တမယ် ဟု ခေါ်ဝေါ်ခဲ့သည်။ အနောက်ဘက်လွန်မင်းလက်ထက် ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလိပ်တို့၏ နယ်ချဲ့ရန်ကိုကာကွယ်ရန် ဧရာဝတီ မြစ်ကမ်းတလျှောက် ရေတပ်၊ ခံတပ်၊ လှေပုန်းကင်းများထား၍ စခန်းများ တည်ထောင်ခဲ့သည်။ ဆင်ဖြူကျွန်းရွာ ရေတပ်စခန်း၊ ပခန်းငယ်၊ ကျောက်ရဲ၊ စလေ၊ မင်းလှခံတပ်၊ ထူးပေါက်ခံတပ်၊ ဆင်ကျုံးခံတပ်၊ စသည်ဖြင့်ရေတပ်စခန်း များချထားခဲ့သည်။ ဆင်ဖြူကျွန်းရေတပ်စခန်းနှင့် ပခန်းငယ် ရေတပ်စခန်းမှ လှေတပ်သားတို့ လှေကင်းပုန်းချထားရာ စလင်းချောင်းထွက်ပေါက် နွယ်တမယ်ရွာတွင် လှေတပ်သားတို့တပ်စွဲ၍ နေထိုင်လာကြသည်။ စလင်းချောင်းမှာ ထိုအခါက၁၂ရာသီ ရေအမြဲစီးပြီး ဤမျှလောက် မကျယ်ပေ။ နွယ်တမယ်ရွာနှင့် ဆင်ဖြူကျွန်းရွာတို့ လှမ်းခေါ်ကြားရလောက်သည့်အနေအထား တွင်ရှိမည်။ ကုန်းဘောင်ခေတ်ဦး အလောင်းမင်းတရားလက်ထက်တွင်သားတော် မြေဒူးမင်းကို စားလင့် မြို့စားခန့်အပ်၍ ကြည်းတပ်၊ မြင်းတပ်၊ ဆင်တပ်၊ ရေတပ်များကို ဖွဲ့စည်းတည်ထောင်လာပြန်သည်။ ကြည်းတပ် ၁၀ပွဲနိုင်မှ မြင်းတပ်၊ မြင်းတပ်၁၀ပွဲနိုင်မှ ဆင်တပ်၊ ဆင်တပ် ၁၀ပွဲနိုင်မှ လှေတပ်သား ရာထူးတိုးတာဝန်ပေးသည်။ ဆင်ဖြူကျွန်းတွင် ကြည်းတပ်စွဲပြီး နွယ်တမယ်ရွာတွင် လှေတပ်စွဲ၍ နိုင်ငံကာကွယ်ရေးကို ဆင့်ကဲလုပ်ဆောင်ခဲ့သော ရွာများဖြစ့်ကြသည်။ နွယ်တမယ်ရွာ ဘုန်းကြီးကျောင်းအစ တံတားဦးက ဆိုရလောက်အောင် ကျွန်းတိုင်လုံးကြီးများကို အခြားကျောင်းများနှင့်မတူ ပြဿဒ်၊ ဘုံအဆင့်၊ ထုပိကာ၊ ရွှေမှန်ကင်း တဝင့်ဝင့်ဖြင့် တံတားဦးကျောင်းကို ဆောက်လုပ်ခဲ့သည်။ (ယခု အရှေ့ဘက်ကျောင်း)မျက်ရှင်တော်ပွင့်ခေါင်းလောင်းစာ အရ ကုန်းဘောင်ခေတ်ဦး တံတားဦးက ဟု အဆိုရှိ​ပြန်သည်။ သီပေါမင်း ပါတော်မူပြီးနောက်ပိုင်း ဆင်ဖြူကျွန်းနယ်မှ ဗိုလ် ဥတ္တမ၊ ဗိုလ်ဗျိုင်းကြီး ဗိုလ်ဗျိုင်းကလေး၊ မြတောင်မင်းသား အနွယ်တော်များနှင့် လှေတပ်သားများ နွယ်တမယ်မောင် ၂တို့က နယ်ချဲ့ကိုတော်လှန်ခဲ့ကြသည်။ နောက်ပိုင်း လှေတပ်သားတို့ ​မြေများဝယ်ယူပြီး အခြေချနေထိုင်လာကြသည်။ ဓား၊ လှံ လက်နက်လုပ်သော ပန်းဘဲဆရာများကလယ်ယာလုပ်ငန်းသုံး ဓားမ၊ တံဇဉ်၊ ထယ်သွား၊ လွန်သွား၊ ဆောက်၊ ပဲကွပ်၊ များပြုလုပ်လာကြရာ နွယ်တမယ်ရွာထွက် ထယ်သွားမှာ နာမည်ကြီး၍ နွယ်တမယ် ထယ်ဟူ၍ အမည်ရလာခဲ့သည်။ [ကိုးကားချက်လိုသည်]

Remove ads

နွယ်တမယ် ကျောင်းဖြစ်ပေါ်လာပုံ

နွယ်တမယ်ရွာတွင် မူလတန်းကျောင်းများစွာပေါ်ပေါက်ခဲ့ဘူးသည်။ ရုံးပင်ရပ်တွင် ဦးဌေး ကျောင်း၊ ဆရာ ဦးဖိုးသွင် ခ ဆရာနွယ်ကျောင်း၊ ဆရာ ဦးစန်းလွင်၏ အင်္ဂလိပ်စာကျောင်း မှာ အနီးအနားရွာများမှ လာရောက်ပညာ သင်ကြားကြသည် တံတားဦး တိုင်းရင်းမြန်မာ အလယ်တန်းကျောင်းဖွင့်လှစ်ခဲ့ စာသင်တိုက် ကျောင်းတွင်လည်း စာသင်သားရဟန်း ၇၀ ခန့်ကို စာပေသင်ကြားပေးခဲ့သော ရွာကြီးတစ်ရွာ ဖြစ်ပေသည်။ ထိုနောက်မှ ယခု ဆန်စက်နေရာတွင် မူလတန်းကျောင်းဖွင့်လှစ်ခဲ့သည်။ [ကိုးကားချက်လိုသည်]



Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads