ပိုးကြာဖြူခင်

မြန်မာ့သရုပ်ဆောင်မင်းသမီး From Wikipedia, the free encyclopedia

ပိုးကြာဖြူခင်
Remove ads

ပိုးကြာဖြူခင် (၃ ဒီဇင်ဘာ ၁၉၉၂ မွေးဖွား)သည် မြန်မာ အမျိုးသမီး သရုပ်ဆောင် တစ်ဦးဖြစ်သည်။ သူမသည် ၂၀၁၈ ခုနှစ်တွင် MRTV-4 ၌ ထုတ်လွှင့်ပြသသော မိုးကောင်းကင် အိပ်မက် မြန်မာဇာတ်လမ်းတွဲတွင် ဆိုင်းမိုင် အဖြစ် သရုပ်ဆောင်ရာမှ လူသိများ ထင်ရှားလာခဲ့သည်။[][][][][][]

အချက်တိုများ ပိုးကြာဖြူခင်, မွေးဖွား ...
Remove ads

ငယ်ဘဝ နှင့် ပညာရေး

ပိုးကြာဖြူခင် ကို ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ တွင် မွေးဖွားခဲ့သည်။ သူမသည် မောင်နှမ နှစ်‌ယောက်ရှိသည့်အနက် အကြီးဆုံးဖြစ်သည်။ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း (ဗိုလ်တ‌ထောင်)တွင် ပညာသင်ကြားခဲ့ပြီး ဒဂုံတက္ကသိုလ် တွင် ဘွဲ့ရခဲ့သည်။

အလုပ်အကိုင်

သူမသည် ၂၀၁၄ ခုနှစ်တွင် Stars & Models Int'l တွင် သင်တန်းတက်ပြီး အနုပညာအလုပ်ကို စတင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် MRTV-4 မှ ပြသသော သည်းထိတ်ရင်ဖို - ဒရာမာစီးရီး ဖြစ်သည့် ဝင်္ကပါစံအိမ် ဇာတ်လမ်းတွဲတွင် အောင်မင်းခန့်၊ အောင်ရေချမ်း၊ ‌ဘုန်းရှိန်ခန့်၊ ဆောင်းဝတ်ရည်မေ၊ မြတ်သူသူ တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဟာသ - ဒရာမာစီးရီး ဖြစ်သော မမထိပ်နှင့်အမွှေစံအိမ် ဇာတ်လမ်းတွဲတွင် ခိုင်သင်းကြည် ၊ ဟိန်းထက်၊ မုဏ်း၊ မေဧကရီထူး၊ ဆုဝတီ တို့နှင့်အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဥယျာဉ်မှူးဖြစ်ဖူးချင်သည် ဟူသော ဇာတ်လမ်းတွဲတွင် ကျော်ဆု၊ ဟိန်းထက်၊ ခေးဆက်သွင် တို့နှင့် အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် မိုးကောင်းကင် အိပ်မက် ဟူသော ဒရာမာဇာတ်လမ်းတွဲတွင် စည်သူဝင်း၊ ကျော်ထက်ဇော်၊ အေးမြတ်သူ တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ကြယ်ကလေးရဲ့ကောင်းကင် ဒရာမာဇာတ်လမ်းတွဲတွင် ခန့်စည်သူ၊ ကျော်ထက်ဇော်၊ မေကဗျာ၊ ငြိမ်းဆု‌‌‌‌ဝေ(ကလေးသရုပ်ဆောင်) တို့နှင့်အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည်။

Remove ads

ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ

  • ဝင်္ကပါစံအိမ် (၂၀၁၅)
  • မမထိပ်နှင့်အမွှေစံအိမ် (၂၀၁၆)
  • ဥယျာဉ်မှူးဖြစ်ဖူးချင်သည် (၂၀၁၇)
  • မိုးကောင်းကင် အိပ်မက် (၂၀၁၈)
  • ကြယ်ကလေးရဲ့ကောင်းကင် (၂၀၁၉)
  • မာယာလှည့်ကွက် (၂၀၂၀)

သီဆိုခဲ့သော တေးသီချင်းများ

  • မင်းက ငါ့ဘဝ (တွဲဖက် - စိန်လင်း) (၂၀၁၉)
  • မိုးလေးဖွဲတုန်း (တွဲဖက် - စိန်လင်း) (၂၀၁၉)

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads