ပေါက်ကန်ရွာ၊ ကဝမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ပေါက်ကန်ရွာ (အင်္ဂလိပ်: Paukkan)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)ပဲခူးခရိုင်ကဝမြို့နယ်ပေါက်ကန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၆၉၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပေါက်ကန်ကျေးရွာအုပ်စုတွင် ကျား ၁၆၄၁ ဦး၊ မ ၁၈၁၁ ဦး၊ လူဦးရေ စုစုပေါင်း ၃၄၅၂ ဦးနေထိုင်သည်။ []

အချက်တိုများ ပေါက်ကန်, ပေါက်ကန်ရွာ ...
Remove ads

နယ်နမိတ်

ပေါက်ကန်ရွာ၏ အရှေ့ဘက်တွင် သရက်ကုန်းရွာ၊ အနောက်တောင်ဘက်တွင် ရွှေပေါက်ပင်ရွာ၊ တောင်ဘက်တွင် ကံထူးရွာ၊ မြောက်ဘက်တွင် ငွေပုံရွာ အနောက်မြောက်ဘက်တွင် နောင်ဘိုရွာတို့နှင့် ထိစပ်နေသည်။

မြေမျက်နှာသွင်ပြင်

ပေါက်ကန်ရွာသည် မြေပြန့်လွင်ပြင်နှင့် ချောင်းများရှိသည်။

ရေဆင်း

ပေါက်ကန်ရွာသည် စစ်တောင်းမြစ် ရေငံနှင့် ဆက်စပ်လျက်ရှိပြီး မြစ်ချောင်းများသည် အထူးသဖြင့် မိုးရာသီဖြစ်သော ဒီဇင်ဘာလဆန်းပိုင်းအထိသာ ရေစီးဝင်မှုရရှိပြီး နွေရာသီတွင် ရေခန်းခြောက်ကာ ကားလမ်းများအဖြစ် အသုံးပြုလျက်ရှိသည်။

ရာသီဥတု

ပေါက်ကန်ရွာ သည် ပူအိုက် စွတ်စိုသောရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် (၄၀ C)နှင့် အနိမ်ဆုံးအပူချိန်မှာ (၁၄ C) ဖြစ်သည်။

သဘာဝပေါက်ပင်များ

ပေါက်ကန်ရွာ အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကုက္ကိုပင်၊ ညောင်ပင်၊ အုန်းပင်၊ ထန်းပင်၊ သရက်ပင်၊ မဲဇလီပင်၊ သမန်းပင်၊ မကျည်းပင်၊ ဝါးပင်၊ ဇီးပင် စသည့်အပင်များ ပေါက်ရောက်သည်။

လမ်းပန်းဆက်သွယ်ရေး

သက္ကလမြို့နှင့် ၇ မိုင်ခန့်ဝေးပြီး သရက်ကုန်း - သက္ကလ လမ်းကိုအသုံးပြုကာ ‌‌ရာသီမရွေးအသုံးပြုသွားလာနိုင်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads