ပျားတု (ရွာမ)ရွာ၊ တောင်တွင်းကြီးမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ပျားတု (ရွာမ)ရွာ (အင်္ဂလိပ်: Pyartu(Ywarma))သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပျားတုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၃၀၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပျားတုကျေးရွာအုပ်စုတွင် ကျား ၄၈၄ ဦး၊ မ ၅၇၈ ဦး၊ လူဦးရေ စုစုပေါင်း ၁၀၆၂ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွာပြီ။[၁]
ပျားတု(ရွာမ)ကျေးရွာ၏ အရှေ့ဘက်တွင် ပျားတု(အရှေ့) ကျေးရွာ၊ တောင်ဘက်တွင် လက်ပံတောကျေးရွာ၊ အနောက်ဘက်တွင် ရန်ပယ်ခွကျေးရွာနှင့် ကျောက်ပစ်ကုန်းကျေးရွာ၊ မြောက်ဘက်တွင် ညောင်ကုန်းကျေးရွာတို့တည်ရှိသည်။
ကျေးရွာ၏ အဓိက အသက်မွေး ဝမ်းကြောင်း လုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဖြစ်သည်။ အဓိက ထွက်ကုန်များမှာ ကြက်သွန်နီ၊ နှမ်း၊ စပါး၊ ကုလားပဲ၊ မတ်ပဲ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး အစရှိသည်တို့ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင်တည်ရှိသော်လည်း မကွေးတိုင်းဒေသကြီး၏ တစ်ခုတည်းသော ဆန်စပါး အဓိက ထွက်ရှိရာ ကျေးရွာတစ်ရွာဖြစ်သည်။[ကိုးကားချက်လိုသည်]
Remove ads
လမ်းပန်းဆက်သွယ်ရေး
လမ်းပန်းဆက်သွယ်ရေးအနေဖြင့် တောင်တွင်းကြီး-မကွေး၊ တောင်တွင်းကြီး-အထက်မင်းလှ(မလွန်) မီးရထားလမ်းလမ်းပိုင်း၊ တောင်တွင်းကြီး-မကွေး ကားလမ်း နှင့် ဗိဿနိုး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြို့ဟောင်းပတ်လမ်းဆုံရာတွင် တည်ရှိပြီး ရာသီမရွေး မြို့ရွာများနှင့်ချိတ်ဆက်သွားလာနိုင်သည်။
လူဦးရေ၊လူမျိုးနှင့်ကိုးကွယ်မှုဘာသာ
အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်မှီတင်းနေထိုင်ကြသည်။ ဗမာလူမျိုးအများစုဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads