ပြည်ပရန်နှိမ်တံဆိပ်
From Wikipedia, the free encyclopedia
Remove ads
တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရာတွင် ပြည်ပရန်နှိမ်တံဆိပ် သည် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွင်ပါဝင်သည်။[၁] လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ပြည်ပနိုင်ငံများ၏ ကျူးကျော်ဝင်ရောက်မှုများအား သက်စွန့်ကြိုးပမ်းကာ ပြန်လည်တိုက်ထုတ်ခဲ့ရသည့် စစ်ဆင်ရေးများတွင်ပါဝင်သူများကို ချီးမြှင့်ခြင်းဖြစ်သည်။
Remove ads
အရည်အချင်းများ
အောက်ဖော်ပြပါ စစ်ဆင်ရေးများတွင်သက်စွန့်ကြိုးပမ်း ပါဝင်တိုက်ခိုက် တာဝန်ထမ်းဆောင်ခဲ့လျက် ယင်းစစ်ဆင်ရေးများအနက် စစ်ဆင်ရေးတစ်ရပ်ရပ်တွင်လည်းကောင်း၊ စစ်ဆင်ရေးတစ်ရပ်ထက်ပိုသော စစ်ဆင်ရေးများတွင်လည်းကောင်း ပါဝင်ခဲ့ကြသူများကို ချီးမြှင့်သည်။စုစုပေါင်း တိုက်ပွဲဝင်ရက် ၁၅ ရက်ရှိရမည်ဟုလည်း သတ်မှတ်ထားသည်။[၃]
- ၁၉၅၃ ခုနှစ်၊ မတ်လမှ ၁၉၅၃ ခုနှစ်၊ ဧပြီလအတွင်းမိုင်းပန်နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် နဂါးနိုင်စစ်ဆင်ရေး၊
- ၁၉၅၃ ခုနှစ်၊ ဇွန်လမှ ၁၉၅၃ ခုနှစ်၊ စက်တင်ဘာလ အတွင်းမိုင်းဆတ်နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ဗန္ဓုလစစ်ဆင်ရေး၊
- ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြုလုပ်ခဲ့သောမော်ချီးနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ချယ်ရီ စစ်ဆေးရေး၊
- ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြုလုပ်ခဲ့သောဝမ်စလောင်းနှင့် ဂဒူးကြီးနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ယုဇနစစ်ဆင်ရေး၊
- ၁၉၅၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၁၉၅၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ ကာလအတွင်း မိုင်းတုံ၊ မိုင်းပုနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ဘုရင့်နောင်စစ်ဆင်ရေး၊
- ၁၉၅၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှ စတင်ပြုလုပ်ခဲ့သော သင်္ကန်းညီနောင်၊ မြဝတီလမ်းခွဲနှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်ဝိုက်၌ ပြုလုပ်ခဲ့သည့်ဆင်ဖြူရှင်စစ်ဆင်ရေး၊
- ၁၉၅၅ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ၁၉၅၅ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ကာလအတွင်း လွယ်လန်းနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် ရန်ကြီးအောင်စစ်ဆင်ရေး၊
- ၁၉၆၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၉၆၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ကာလအတွင်း ကျိုင်းတုံခရိုင်၊ ကျိုင်းလပ်နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့်မဲခေါင်စစ်ဆင်ရေး၊
- အထက်ပါ စစ်ဆင်ရေးများအပြင် ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၁၇ ရက်နေ့မှစ၍ နိုင်ငံ တစ်ဝန်းလုံးတွင် ပြုလုပ်ခဲ့သည့် ပြည်ပရန်နှိမ် စစ်ဆင်ရေးများ၊
- စစ်ဆင်ရေးကာလအတွင်း တပ်မတော်တွင် စစ်မှုထမ်းဆောင်လျက်ရှိခြင်း။
Remove ads
ချီးမြှင့်ခြင်းခံရသူများ
![]() | ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
နောက်ထပ်ကြည့်ရန်
- သီရိသီဟကျော်တံဆိပ်
- သီရိဇေယျကျော်တံဆိပ်
- သီရိသိင်္ခကျော်တံဆိပ်
- သီဟဗလတံဆိပ်
- သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်
- သီဟသူရဘွဲ့
- သီရိပျံချီဘွဲ့
- တိုက်ပွဲတံဆိပ် (လောက်ကိုင်)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads