ဖလန်းပင်မြို့

အင်ဒိုနီးရှားနိုင်ငံ၊ တောင်ဆူမတြာပြည်နယ်၏ မြို့တော် From Wikipedia, the free encyclopedia

ဖလန်းပင်မြို့map
Remove ads

ဖလန်းပင်မြို့ သည် အင်ဒိုနီးရှားနိုင်ငံ တောင်ဆူမတြာပြည်နယ်၏ မြို့တော် ဖြစ်သည်။ မြို့တော် ဧရိယာသည် ၄၀၀.၂၂ စတုရန်း ကီလိုမီတာ (၁၅၄.၅၃ စတုရန်းမိုင်) ကျယ်ဝန်းပြီး မူစီမြစ်၏ မြစ်ကမ်း နှစ်ဘက်စလုံးတွင် တည်ရှိကာ ဆူမတြာကျွန်း တောင်ပိုင်းရှိ အရှေ့ပိုင်းမြေနိမ့်ဒေသတွင် တည်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေ ၁,၈၃၄,၃၄၄ ဦး ရှိသည်။[] ဖလန်းပင်မြို့သည် ဆူမတြာကျွန်းတွင် မယ်ဒန်မြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေ အများဆုံး ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် နဝမမြောက် လူဦးရေ အများဆုံး ဖြစ်ကာ အရှေ့တောင်အာရှတွင် ၁၉ ခုမြောက် လူဦးရေ အများဆုံး မြို့ ဖြစ်သည်။ ဖလန်းပင် မက်ထရိုပိုလစ်တန်ဒေသတွင် မြို့ပတ်လည်ရှိ ဘန်ယွာစင်းခရိုင်၊ အိုဂန် အီလာခရိုင် နှင့် အိုဂန် ကိုမယ်ရင်း အီလာခရိုင်အစရှိသော ခရိုင်များ၏ တစိတ်တဒေသပါဝင်ပြီး ၂၀၁၅ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေ စုစုပေါင်း ၃.၅ သန်း ခန့် ရှိသည်။[]

အချက်တိုများ ဖလန်းပင်မြို့Palembang, Kota Palembang ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads