ဖလေးရွာ၊ ကဝမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ဖလေးရွာ (အင်္ဂလိပ်: Hpalay)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)ပဲခူးခရိုင်ကဝမြို့နယ်ဖလေးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၆၀၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဖလေးကျေးရွာအုပ်စုတွင် ကျား ၁၇၀၂ ဦး၊ မ ၁၉၁၅ ဦး၊ လူဦးရေ စုစုပေါင်း ၃၆၁၇ ဦးနေထိုင်သည်။ [] ဖလေးရွာသည် ရှေးယခင်က လှေမပေါက်၊ လှည်းမရောက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ရွာတရွာဖြစ်ခဲ့သည်။ ထိုအချက်ကြောင့် စစ်မက်ထူပြောသော ကာလများတွင် စစ်ဘေးခိုလှုံရာ နေရာဖြစ်ခဲ့သည်။ စစ်ဘေးရှောင်သော ဟိန္ဒူ၊ တမီလ်၊ တရုတ်၊ ပန်းသေးနှင့် အာရပ်နွယ်ဖွား လူမျိုးပေါင်းစုံတို့ ခိုလှုံရာ နေရာဖြစ်ခဲ့သည်။ ၎င်းလူမျိုးစုံတို့ ဈေးဝယ်ဖောက်ကားသော ဈေးနေရာ တခုလည်း ဖြစ်သည်။

အချက်တိုများ ဖလေး, ဖလေးရွာ ...
Remove ads

စီးပွားရေး

ဖလေးရွာတွင် ကြေးမီးခြစ်လုပ်ငန်းသည် ဖလေးရွာ၏ သင်္ကေတဖြစ်သည်။ အင်္ဂလိပ်မင်း လက်ထက်ကတည်းက ကြေးမီးခြစ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။ တစ်ချိန်က ဖလေးတံဆိပ်ရိုက်နှိပ်ထားသော ကြေးဖြူ၊ ကြေးနီ၊ ကြေးဝါ မီးခြစ်များသည် အောက်မြန်မာပြည် တစ်ခွင်မှာ နာမည်ကျော်ကြားခဲ့သည်။ ဖလေးရွာတွင် မီးခြစ်ဖို သုံးဆယ်ကျော် ရှိခဲ့ပြီး ကြေးပြား၊ မီးခြစ်ဘီး၊ စပရင်၊ မီးခြစ်ကျောက်၊ ဝက်အူ ရောင်းသော မီးခြစ်အပိုပစ္စည်းဆိုင်များပင် ရှိခဲ့သေးသည်။ ကြေးမီးခြစ်လုပ်ငန်းကို ဖလေးရွာအပြင် မုဒုံ၊ ဒေးဒရဲ၊ ဓနုဖြူမြို့များတွင်လည်း ပြုလုပ်ကြသေးသည်။ သို့သော် ဖလေးမီးခြစ်လောက် မမှီပေ။ ဖလေးမီးခြစ်သည် ဆယ်နှစ်လောက် အသုံးခံသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads