ဖဲကြိုးနက်လှုပ်ရှားမှု- မြန်မာ

From Wikipedia, the free encyclopedia

Remove ads

ဖဲကြိုးနက်လှုပ်ရှားမှု- မြန်မာ သည် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာပညာရှင်များနှင့် ကျောင်းသားများ၏ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ ကျန်းမာရေး ဝန်ကြီးဌာန တွင် စစ်တပ်၏ လွှမ်းမိုးမှုအဆုံးသတ်ရေး ကြိုးစားခြင်းတစ်ခုဖြစ်သည်။[]

Thumb

နောက်ခံအခြေအနေ

ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဒေါက်တာဖေသက်ခင် ကို ၂၀၁၄ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် အငြိမ်းစားပေးလိုက်ပြီး[] တပ်မတော်အရာရှိဟောင်း ဒေါက်တာသန်းအောင်ဖြင့် အစားထိုးခန့်အပ်ခဲ့သည်။[] ပြုပြင်ပြောင်းလဲရေးအရ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေး ဦးစီးဌာနကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနအဖြစ် ဌာနနှစ်ခုခွဲလိုက်ရာတွင် ဝန်ထမ်းလစ်လပ်နေရာ ၃၃၀ ခန့် ဖြစ်လာခဲ့သည်။[]

ဇူလိုင် ၂၈ နှင့် ၃၀ ရက်များတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိ ၈ ဦးကို ကုသရေးဦးစီးဌာနတွင် ခန့်အပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အမိန့်စာထုတ်ပြန်ခဲ့သည်။[][] ဩဂုတ်လ ၈ ရက်နေ့တွင် စစ်ဖက်ဆိုင်ရာဆရာဝန်များသာမက စစ်တက္ကသိုလ်ဆင်းအရာရှိများကိုပါ ကျန်းမာရေးဝန်ကြီးဌာနရှိ ထိပ်ပိုင်းရာထူးများတွင် ခန့်အပ်ကြောင်း ကျန်းမာရေးဝန်ကြီးမှ ကြေညာခဲ့သည်။[] ထိုတပ်မတော်အရာရှိများမှာ[] ကျန်းမာရေးဝန်ကြီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးရာထူးနှင့် အခြားအရာရှိအဆင့်များအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

Remove ads

ဆန္ဒထုတ်ဖော်ခြင်း

Thumb
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဖဲကြိုးနက်များ ပြင်ဆင်နေပုံ
Thumb Thumb
ဆေးတက္ကသိုလ် (မန္တလေး) နှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဖဲကြိုးနက်လှုပ်ရှားမှု

ဩဂုတ် ၁၀ ရက်နေ့တွင် မန္တလေးအရိုးဆေးရုံကြီးနှင့် တောင်ငူဆေးရုံများမှ ဆရာဝန်များမှ Black Ribbon Movement Myanmar 2015 အမည်ဖြင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်တွင် စာမျက်နှာတစ်ခု ဖွင့်လှစ်ခဲ့သည်။ ထိုစာမျက်နှာမှာ ဖွင့်လှစ်ပြီး ၁၆ နာရီအတွင် နှစ်သက်မှုပြုလုပ်သူပေါင်း ၁၅၀၀၀ ကျော်ခဲ့သည်။ ဆေးပညာလောကတွင် နာမည်ထင်ရှားသည့် ဆရာဝန်ကြီးများမှလည်း ထိုလှုပ်ရှားမှုကို ထောက်ခံအားပေးခဲ့ကြသည်။[] ဝန်ကြီးဌာနများနှင့် အခြားအဖွဲ့အစည်းများတွင် အလုပ်လုပ်နေကြသည့် ဆရာဝန်နှင့် ဆေးကျောင်းသားများစွာ ဤလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။[]

Remove ads

ဝန်ကြီးဌာန၏ တုံ့ပြန်မှု

လူထုတွင်း ဖဲကြိုးနက်လှုပ်ရှားမှု စတင်ကျယ်ပြန့်လာပြီးသည့်နောက် ဩဂုတ်လ ၁၁ ရက်၊ ၂၀၁၅ တွင် ကျန်းမာရေးဝန်ကြီးမှ မြန်မာနိုင်ငံဆရာဝန်အသင်းထံသို့ နှုတ်စကားတစ်ခုဆိုခဲ့သည်။ ၎င်းမှာ စစ်ဘက်ဝန်ထမ်းများအား ကျန်းမာရေးဌာနသို့ နောက်ထပ်ရွှေ့ပြောင်းမှုထပ်မံ ပြုလုပ်ခြင်းအား ရပ်ဆိုင်းလိုက်မည် ဟူ၍ဖြစ်သည်။ ဩဂုတ် ၁၂ ရက်တွင် လှုပ်ရှားတက်ကြွသူများက မကြာမီက ခန့်အပ်ထားခဲ့ပြီးသော စစ်ဘက်အရာရှိများအား တရားဝင်အမိန့်စာထုတ်၍ မူရင်း စစ်တပ်ရာထူးဌာနများသို့ ပြန်လည်ရွှေ့ပြောင်းပေးရန် ကျန်းမာရေးဝန်ကြီးအား တောင်းဆိုခဲ့ကြသည်။ သို့သော် ဝန်ကြီးက တရားဝင်အမိန့်စာထုတ်ခြင်းနှင့် ခန့်ပြီးအရာရှိများအား ပြန်လည်ရွှေ့ပြောင်းပေးခြင်းတို့အား ငြင်းဆန်ခဲ့သည်။ []

ပြင်ပလင့်ခ်များ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads