ဗန်းမော်မြို့

From Wikipedia, the free encyclopedia

Remove ads
အချက်တိုများ ဗန်းမော်မြို့, နိုင်ငံအမည် ...
ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်ပြီး ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်သည့် ဗန်းမော်သည် မြို့တော်မြစ်ကြီးနား၏ တောင်ဘက် ၁⁠၁၅ မိုင် အကွာတွင် တည်ရှိကာ၊ တရုတ်နယ်စပ်နှင့် မိုင် ၄၀ ခန့် ကွာဝေးသည်။ တာပိန်မြစ်နှင့် ဧရာဝတီမြစ်တို့ဆုံရာမှ ၅၃ မိုင် ကွာဝေးပါသည်။ KIO အခြေစိုက်ရာ လိုင်ဇာမြို့သည် ဗန်းမော်နှင့် မြစ်ကြီးနားအကြား တည်ရှိကာ ဗန်းမော်၏ အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်တွင် တည်ရှိသည်။

သမိုင်းစဉ်

ဗန်းမော်ဟူသော ဝေါဟာရသည် ရှမ်းဘာသာစကား “မန့်မော်” (မၢၼ်ႈမေႃႇ) မှ ဆင်းသက်လာသော စကားဖြစ်သည်။ မန့်(Man)= ရွာ၊ မော်(Maw)=အိုး ဟု အဓိပ္ပာယ်ရသဖြင့် “အိုးလုပ်သောရွာ” ဟု ခေါ်ဆိုနိုင်သည်။ စမ္ပာနဂိုလ် မင်းဆက်ပျက်ပြီး သက္ကရာဇ် ၄၀⁠၀ ကျော်တွင် စော်ဘွား သိုဟန်ဘွားသည် ရှေးမင်းမြတ်တို့၏ မြို့နေရာတွင် မနေဝံ့၍ မြို့ဆင်ခြေဖုံးဖြစ်သော ဗန်းမော်သို့ ပြောင်းရွေ့လာခဲ့ပြီး မြို့ပြ တည်ထောင်၍ အုပ်စိုးသည်။ မိုးမိတ်သမိုင်းအရ ခရစ်နှစ် ၆၈၉ တွင် စော်ဘွား စဝ်ပုတ်ဖထံ လာရောက်ပြီး စော်ဘွားဆက် တောင်းခံသည်။ မိုးမိတ်စော်ဘွားက တူတော်ကြီး ခမ်းရွက်ဖ အား ဗန်းမော်စော်ဘွား အဖြစ် အုပ်ချုပ်ရန် စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဗန်းမော်မြို့တွင် စော်ဘွား၂၃ ဆက် နှစ်ပေါင်း ၃၅၀ အုပ်စိုးခဲ့သည်။ ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရားလက်ထက်တွင် စော်ဘွားနယ်အဖြစ်မှ ဝန်အုပ်ချုပ်သောမြို့အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ []

ကုန်းဘောင်ခေတ် ဗန်းမော်မြို့ဝန်များထဲမှ ထင်ရှားသူအချို့မှာ ဦးရွှေရည်၊ စောမြတ်အောင်၊ ဦးကံ၊ ဦးစံတည်၊ ဦးရွှေအိုး၊ ဦးရွှန်း၊ ဦးသူ၊ ဦးဘိုး၊ ဦးအောင်မြတ်သူ၊ ဦးနက်ပြာ၊ ဦးတုတ်၊ ဦးပုံ၊ ဦးဖိုးအို၊ ဦးဘိုးလှ၊ ဦးမှန်း၊ ဦးလူကြီး၊ ဦးထောင်ဗိုလ် စသူတို့ဖြစ်ကြသည်။ []

Remove ads

ပညာရေး

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads