ဘန့်ဘွေးကျင်းရွာ၊ နောင်ချိုမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ဘန့်ဘွေးကျင်းရွာ (အင်္ဂလိပ်: Bantbwaykyin)သည် ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၇၇၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဘန့်ဘွေးကျင်းကျေးရွာအုပ်စုတွင် ကျား ၉၈၆ ဦး၊ မ ၉၀၈ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၉၄ ဦးနေထိုင်သည်။ [၁]
ဘန့်ဘွေးကျင်းရွာတွင် ဗမာ လူမျိုးများ နေထိုင်သည်။ ဆည်တော်ကြီးဆည် တည်ဆောက် ခဲ့စဉ်က ရေမြုပ် သွားသော ကျေးရွာများမှ နေစရာ အဆင်မပြေသူ နှင့် လုပ်ကိုင်စားသောက်ရန် မြေနေရာ အဆင်မပြေသူများ လာရောက် အခြေချ နေထိုင်ရာမှ တရားဝင် ရွာဖြစ်လာခြင်း ဖြစ်သည်ဟု ရွာ သက်ကြီးရွယ်အိုများ ပြောပြချက်အရ သိရသည်။
Remove ads
ထင်ရှားသည့်နေရာ
ဘန့်ဘွေးကျင်းရွာ အနီး သစ်တောဦးစီးဌာန ကိုင်းကြီးကြိုးဝိုင်း အတွင်းရှိ ဘန့်ဘွေးကျင်းရေတံခွန်မှာ မြန်မာနိုင်ငံတဝန်း လူသိများ ထင်ရှားပြီး ခရီးသွား နေရာတခုဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
