ဘန့်ဘွေးရွာ၊ နောင်ချိုမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ဘန့်ဘွေးရွာ (အင်္ဂလိပ်: Bantbway)သည် ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၆၉၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဘန့်ဘွေးကျေးရွာအုပ်စုတွင် ကျား ၃၇၀၅ ဦး၊ မ ၃၇၄၅ ဦး၊ လူဦးရေ စုစုပေါင်း ၇၄၅၀ ဦးနေထိုင်သည်။ [၁] အမှတ် ၁၄ အာရှအဝေးပြေးလမ်းမကြီး ပေါ်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ အမြင့် ပေ ၂၆၀၀ ခန့် တွင်တည်ရှိသည်။
ရွာတွင် အထက်တန်းကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၁) ကျောင်း ရှိသည်။ မူကြိုကျောင်း (၃) ကျောင်းရှိသည်။ စာကြည့်တိုက် (၁) ခုရှိသည်။ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁) ရုံ ရှိသော်လည်း မြေနေရာ မရရှိသေးသဖြင့် ဆေးရုံ အဆောက်အအုံ မရှိသေးပေ။ ပုဂ္ဂလိက ဆေးခန်း (၂) ခန်းတွင် ဆရာဝန် (၂) ဦး ရှိသည်။ ကရုဏာ အခမဲ့ အာယုဒါန ဆေးခန်း ကို စေတနာ့ ဝန်ထမ်း ဆရာဝန်များ ဖြင့် ဖွင့်လှစ်ထားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာတိုက်နှင့် နယ်မြေခံ ရဲစခန်းတစ်ခုလည်း ရှိသည်။ နောင်ချို စည်ပင်သာယာဌာန က တာဝန်ယူ ကြီးကြပ်သော ငါးရက်တစ်ကြိမ်ရောင်းချသည့် ဈေးတစ်ခု ရှိသည်။
ကျေးရွာအုပ်စု အားကစားကွင်း အဖြစ် ဘောလုံးကွင်းတကွင်း ရှိပြီး၊ အထက်တန်းကျောင်း တွင် ဘောလုံးကွင်း တကွင်း ရှိသည်။ ဘာသာရေးအနေဖြင့် ဗုဒ္ဓဘာသာ စေတီ တစ်ဆူ နှင့် ဘုန်းကြီးကျောင်း တကျောင်းရှိသည်။ ကရုဏာ လူမှုကူညီရေး အသင်း၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း များ ရှိသည်။
အစိုးရ သစ်တော ဘိနယ်စခန်းရှိပြီး ယင်းစခန်းတွင် လိပ် မွေးမြူရေး၊ ဆေးကုသရေး နှင့် သားဖောက်စခန်းလည်း ရှိကာ လိပ်အမျိုးအစား ဆယ်မျိုးကျော် ကို ထိန်းသိမ်းထားရှိသည်။
ဆောက်လုပ် ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာန ရှေ့တန်း စခန်း တခု ရှိသည်။ စစ်အစိုးရလက်ထက်က ဌာနပိုင်မြေ တစ်စိတ်တစ်ပိုင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း က သိမ်းယူခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဖြစ် ပြောင်းလဲချိန်တွင် ပါတီပိုင်အဖြစ် ပြောင်းလဲခဲ့သည်။[ကိုးကားချက်လိုသည်]
Remove ads
ရပ်ကွက်များ
- ရပ်ကွက်ကြီး (၁)
- ရပ်ကွက်ကြီး (၂)
- ရပ်ကွက်ကြီး (၃)
- ရပ်ကွက်ကြီး (၄)
- ခြောက်ဆယ်ကွက်
- ဈေးကုန်း
- သီတာအေးရပ်ကွက်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads