မကျီးကန်ရွာ၊ မြောင်မြို့နယ်

From Wikipedia, the free encyclopedia

Remove ads

မကျီးကန်ရွာ (အင်္ဂလိပ်: Magyikan)သည် စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းခရိုင်မြောင်မြို့နယ်တမဆေးကန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၂၅၅ ဖြစ်သည်။ [] မြိုင်မြို့၏ မြောက်ဘက် ၁၇ မိုင်ခန့်အကွာတွင် တည်ရှိသည်။[]

အချက်တိုများ မကျီးကန်, မကျီးကန်ရွာ ...
Remove ads

၂၀၂၃ ဖြစ်ရပ်

၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် မကျီးကန်ရွာတွင် PDF များ ခိုအောင်းနေသည်ဟုဆိုကာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ ရွာလယ်ရှိ ကိုယ်ထူကိုယ်ထဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသနေသူများ အပါအဝင် ဒေသခံ ၂၁ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သည်။[] ပစ်ခတ်စီးနင်းခံရပြီးနောက် ၂၀၁၇ ခုနှစ်က ဂျပန်နိုင်ငံမှ ဆောက်လုပ်လှူဒါန်းခဲ့သော ဆေးရုံ ပင်မဆောင်အပါအဝင် ဆေးရုံရှိ ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ ဓာတ်မှန်စက်တို့ ပျက်စီးသွားခဲ့သည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads