မဏိရတနာဆံတော်ရှင်စေတီတော်
From Wikipedia, the free encyclopedia
Remove ads
မဏိရတနာ ဇီးဖြူကုန်း ဆံတော်ရှင် စေတီတော်မြတ် သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ် နှင့် တံခွန်တိုင်စပ်ကြား ဇီးဖြူကုန်းမည်ခေါ် ကုန်းထက်ပေါ်တွင် တည်ရှိသည်။[၁]
သမိုင်းကြောင်း
မွန်ဘာသာဖြင့် ကျာ်ဂလွီ ဟုခေါ်ပြီး ဒေသခံများလည်း ကၠံင်တံင်တြိ (ကလွန် တူတလွီ့) ဟုလည်း ခေါ်ကြသည်။ ထို့ပြင် တောင်ကုန်း မို့မို့၌ ပေါက်ရောက်လျက်ရှိသော ဇီးဖြူသီးပင်များကို အစွဲပြု၍ ကရင်ဘာသာဖြင့် ခေါဟ်လံင်လာအွာ ကၠံင် (ခွတ်လွန်လာဝှါ ကလွန်) ခေါ်ကြသည်။ ( ခေါဟ်လံင်လာအွာ = ဇီးဖြူကုန်း ၊ ကၠံင် = စေတီ)
မဟာ သက္ကရာဇ် (၁၁၁) ခုနှစ် ဂေါတမ မြတ်စွာဘုရားသခင် ဝါတော် (၈)ဝါတွင် သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ကြွလာစဉ် စန္ဒအမည်ရသော ရသေ့ဖြူမှ ဆံတော် ငါးဆူကို တောင်းခံရရှိတော်မူသည်။ ထို ဆံတော် ငါးဆူ အနက်မှ တစ်ဆူကို ဇီးဖြူကုန်း စေတီ၌ ဌာပနာ ထည့်သွင်းကာ တည်ထားကိုးကွယ်ထားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads